အင္ဂ်င္နီယာေတြရဲ့ ဘတ္ဂ်က္ရွာနည္း (၅) မ်ိဳး (သို႔) ရိကၡာနဲ႔ သိကၡာလဲတဲ့ အင္ဂ်င္နီယာမ်ာ

အရှုပ်ထဲမှာ မနေချင်လို့ ရှင်းရှင်းပြောရရင် စိတ်လုံးဝ မသတီလို့.. မိသားစုနဲ့တိုင်ပင်ပြီး အလုပ်ကနေထွက်ခဲ့တယ်။ရင်နာစရာတော့ကောင်းပါတယ်။ အင်ဂျင်နီယာပညာတွေသင်၊ အင်ဂျင်နီယာအလုပ်လုပ်တဲ့သူတွေကို သူခိုးတွေလို့ပြောကြတယ်။ ဘယ်အင်ဂျင်နီယာက ခိုးချင်ပါ့မလဲ။ ခိုးချင်တဲ့သူလည်း ရှိချင်ရှိမှာပေါ့လေ။

ဒါပေမယ့် ဒီလောက်ပညာတွေသင်လာပြီးမှ ခိုးမှ စားရမယ်ဆိုတာကိုတော့ အများစုကဘဝင်ကျနိုင်မည်မဟုတ်ပါ။ ဒါဆို မခိုးကြဘူးလား။ ဟုတ်ကဲ့ ခိုးပါတယ်။ကျွန်တော်လည်း အစိုးရအင်ဂျင်နီယာဝန်ထမ်းဘဝနဲ့ ဆယ်နှစ်ကျော် ခိုးပြီး မိသားစုကို ကျွေးမွေးခဲ့ရပါတယ်။ မိသားစုကို ကျွေးမွေးဖို့လောက်ဆို အင်ဂျင်နီယာတွေ ခိုးဖို့လိုမည်မထင်ပါ။

ကိုယ့်မိသားစု မဟုတ်တဲ့ သူတွေအတွက်ပါ ခိုးပြီး ကျွေးရ၊ ပေးရလို့၊ မင်းတို့လည်းခိုး၊ ငါတို့ကိုလည်း percentage ပေးဆိုတဲ့ လူတန်းစားတစ်ရပ် ဖန်တီးဖြစ်ပေါ်လာတဲ့အတွက် ကျွန်တော်တို့ အင်ဂျင်နီယာတွေ သူခိုးဘဝကို ရောက်ကြပါတော့တယ်။

Yellow Book လို့ခေါ်တဲ့ Analysis of Rates မှာ လုပ်ငန်း items အလိုက် materials ကို Wastage ရာခိုင်းနှုံးက material အပေါ်မူတည်ပြီး 5% ကနေ 50% အထိ ခွင့်ပြုထားပါတယ်။

ပစ္စည်းအလေအလွင့်မရှိအောင် လုပ်တတ်ရင် ကိုယ်တွက်ကျန်ပြီးသာပါ။ ဝယ်တဲ့ဆိုင်က ဖောက်သည်ဖြစ်အောင် commission ပေးတာလည်း ရှိပါတယ်။ ဟုတ်ပြီ။ ဒါဆို ဘာဖြစ်လို့ခိုးတာလဲ။ဒီနေရာမှာ ဘာကို ဘယ်လိုခိုးသလဲဆိုတာ ရှင်းပြပါမယ်။

(၁) Quality အပေါ်မှ ခိုးခြင်း လုပ်ငန်းတစ်ခုဆောင်ရွက်ဖို့ drawings နဲ့ estimate တွေ ရှိရပါတယ်။ details drawing ကိုဖတ်ပြီး estimate ဆွဲရပါတယ်။ ဥပမာ brick work ဆိုပါစို့။details drawing မှာ 1:3 cement mortar နဲ့ပြထားပြီး estimate ကလည်း 1:3 cement mortar နဲ့ materials ထုတ်တယ်။field မှာလုပ်တော့ composite mortar သုံးတယ်။ သို့မဟုတ် 1:5 cement mortar ကိုသုံးတယ်ဆိုရင် cement ရဲ့ quantity လျှော့သုံးလိုက်တဲ့အတွက် quality အပေါ်မှ ခိုးခြင်းဘဲဖြစ်ပါတယ်။

(၂) Substituted ခိုးခြင်း ဒါကတော့ ပစ္စည်းတစ်ခုကို တန်ဘိုးနည်း အမျိုးအစားတူပစ္စည်းဖြင့် အစားထိုး ထည့်သုံးခြင်းဘဲဖြစ်ပါတယ်။ဥပမာ estimate မှာ cement ကို တံဆိပ်တွေ၊ made တွေ ရေးမထားဘူး။ ဒါပေမယ့် price ကတော့ Thai brand နဲ့ cost ပြထားတယ်။

တကယ်သုံးတော့ China made နဲ့ တွယ်လိုက်တယ်ဆိုရင် ဒါ ခိုးတာဘဲပေါ့။ တစ်ချို့ဆို hardwood အစား Inn နဲ့တောင် ထည့်သုံးခဲ့ကြတယ် ဒီမှာက Thai ရယ်၊ China ရယ် Local ရယ်ဆိုပြီး လွတ်လပ်စွာ ဝယ်ယူအသုံးချခွင့် ရှိတော့ ပက်ပက်စက်စက်ကို လုပ်နေကြတာ။ အရင်ခေတ်တွေက ပိုဆိုးပေါ့။

(၃) Measurement ကို ခိုးခြင်း အများအားဖြင့်တော့ အလွယ်တကူမြင်တွေ့လို့မရတဲ့ Foundation အပိုင်းတွေမှာ ခိုးတာများပါတယ်။ depth ကို လျှော့တူးတာ၊ Retaining wall တွေမှာ steps တွေ မထည့်တာတွေပေါ့။Roads တွေမှာ လမ်းခင်းကျောက်ထု မပြည့်တာ၊ လမ်းအကျယ်တွေ လျော့တာတွေလည်း ဒီခိုးနည်းမှာ ပါတာပေါ့။

(၄) အပျောက်ရိုက်ခိုးခြင်း ဒီခိုးနည်းကို ဥပမာပေးဖို့ တော်တော်စဉ်းစားရတယ်။ ဘယ်မှာတွေ့လည်းဆိုတော့ လွန်ခဲ့တဲ့ ၂လလောက်က fb မှာ ကျောင်းဆောက်တာနဲ့ ပတ်သက်ပြီး tender အောင်လို့ လုပ်ခွင့်ရတဲ့ ကုမ္ပဏီက စာသင်ကျောင်းဆောက်ရာမှာ 9″x9″ R.C.C plinth beam ထည့်ရမှာကို သံချောင်းမထည့်ဘဲ ထု 6″ လောက်နဲ့ concrete လောင်းထားတယ်။

“ခိုးချင်တာလည်း ပြာလို့၊ အ,လိုက်တာလည်းချာလို့” ပြောရမလိုဖြစ်နေပြီ။ တကယ်ဆို သံချောင်းမထည့်မှတော့ 2″ ထုနဲ့ D.P.C ဘဲ လောင်းလိုက်ပေါ့။ သိတဲ့သူက စစ်လို့ပေါ်တော့ ရှက်စရာဖြစ်ရော။ 2″ ထု D.P.C လောင်းထားလို့ စစ်တဲ့သူလာရင် အင်ဂျင်နီယာကို လွှဲချလို့ရတာပေါ့။ ကုမ္ပဏီပိုင်ရှင်တွေအတွက် အင်ဂျင်နီယာတွေရဲ့ အသုံးဝင်ပုံ တစ်ခုပေါ့။

ဒီနည်းကတော့ ခပ်တည်တည်နဲ့ သုံးရမယ့်ပစ္စည်းကို လုံးဝထည့်မသုံးလို့ အပျောက်ရိုက်ခိုးခြင်းမည်ကြောင်း ဂဏှာဟိ မှတ်လေလော့။ (၅) Rate ကို ခိုးခြင်း ဒီခိုးနည်းကိုတော့ Local Rate ဆိုတဲ့ ဒေသပေါက်ဈေးနှုန်းအပေါ်မှီပြီး ခိုးတာပါ။

လက်တွေ့သိချင်ရင်တော့ မိမိတို့မြို့က အတည်ပြု ထုတ်ပေးထားတဲ့ ဒေသပေါက်ဈေးနှုန်းစာအုပ်ထဲက ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေနဲ့ အပြင် ကုန်မာဆိုင်တွေက ရောင်းတဲ့ ဈေးနှုန်းတွေကို သုတေသနလုပ်ကြည့်ကြပါ။ ဘယ်မြို့မှာမဆိုပေါ့။

ဒီလောက်ဆို ပြည့်စုံသလောက်ရှိပါပြီ။ ဒါကိုဖတ်ပြီး ကုမ္ပဏီတွေနဲ့ တစ်ချို့ အင်ဂျင်နီယာတွေက အကျွန်ုပ်ကို မေတ္တာတွေ ပို့ကြရော့မယ်။ ကိစ္စမရှိပါဘူး။ ဆဲချင်လည်း ဆဲလို့ရပါတယ်။ကျွန်တော် အထက်မှာပြောခဲ့သလိုဘဲ။ အင်ဂျင်နီယာပညာဆိုတာ လူတိုင်းသင်ယူခွင့် မရကြပါဘူး။ နောက်ပြီး အင်ဂျင်နီယာဖြစ်ရတာလည်း ဂုဏ်ယူစရာတစ်ခုပါ။

ဒါပေမယ့် ခိုးစားရတယ်ဆိုတာကတော့ ပညာတတ်တွေရဲ့ အလုပ်မဟုတ်သလို ဂုဏ်ယူစရာနဲ့လည်း လုံးဝ ဆန့်ကျင်ဖက်ကြီးပါ။ ခိုးတယ်ဆိုမှတော့ အဒိန္နဒါနကံ မြောက်နေပါပြီ။ဒါကို မသိလို့လုပ်နေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သိသိကြီးနဲ့ လုပ်နေကြတာပါ။

ဘာသာတရားနဲ့ပြောရင်လည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး အခြေခံ ၅ ပါးသီလမှ လုံခြုံအောင် မစောင့်ထိန်းနိုင်တဲ့လူမျိုးတွေပါလားဆိုပြီး ရှက်ဖို့လည်း ကောင်းပါတယ်။နောက်ပြီး နိုင်ငံတစ်ခုကို တိုးတက်အောင် တည်ဆောက်ရာမှာ စာရိတ္တမဏ္ဍိုင် မခိုင်ဘဲနဲ့ တည်ဆောက်လို့မရပါ။

လူမျိုးတစ်မျိုးရဲ့ စာရိတ္တမဏ္ဍိုင်ဟာ အဆောက်အဦတစ်ခုရဲ့ အုတ်မြစ် Foundation ပါ။ အားလုံးရဲ့အကြံဉာဏ်တွေနဲ့ စုပေါင်းပြီး လက်ရှိ ဖြစ်ပျက်နေတာတွေကို ပြုပြင်ဖို့ လိုနေပါပြီ။ဒီလိုပြောတော့ မင်းက ဝန်ထမ်းကထွက်ပြီး သောက်ကြီးသောက်ကျယ်ပြောတယ် ထင်ချင် ထင်ကြမယ်။ ကြိုက်သလို ထင်နိုင်ပါတယ်။ ကျွန်တော် ဝန်ထမ်းဘဝကတင် ထွက်ခဲ့တာမဟုတ်ပါ။

နောက်ဘဝတွေမှာ သီလမလုံလို့၊ အဒိန္နဒါနကံကြောင့် ဖြစ်မယ့်၊ ခံရမယ့် အပါယ်ဘုံဘဝတွေကနေကို လွတ်ဖို့ဆိုပြီး တတ်နိုင်သလောက် ရှောင်ထွက်ခြင်းပါ။ကျွန်တော့်အဖိုးတွေနဲ့ ကျွန်တော့်အဖေဟာ ဘာသာရေးလိုက်စားသူတွေပါ။ ကျွန်တော် အလုပ်ထွက်စာတင်ပြီးတာနဲ့ ရွာက ကျွန်တော့်အဖေဆီ စာတစ်စောင်ရေးပို့ပါတယ်။

ကျွန်တော်အလုပ်ထွက်ရခြင်းကို ကျွန်တော့အဖေ နားလည်စေဖို့ပါ။အဓိကအကြောင်းပြတာကတော့ ကျွန်တော် အင်ဂျင်နီယာလုပ်ပြီး ပြည်သူ့ဘဏ္ဍာကို မခိုးချင်တော့ကြောင်း၊ လုပ်တာတမျိုး၊ စာရင်းပြတော့တစ်မျိုးဆိုတော့ မုသာဝါဒကံပါ ချိုးဖောက်နေသလိုဖြစ်လို့ အလုပ်ထွက်လိုက်တာဖြစ်ပါကြောင်း၊ ဒီလိုမခိုး၊မလိမ်ညာဘဲ ဘဝကိုရပ်တည်လို့ရမယ်လို့ ယုံကြည်ကြောင်းတွေ ရေးလိုက်တာပါ။ အဖေလည်း ကျေနပ်မှာပါလေ။

2009 ခုနစ် ရန်ကုန်မှာ ကျွန်တော့်ကို Staad. Pro သင်ပေးတဲ့ ဆရာမလေးက သူ့အကြောင်းကို ပြောပြပါတယ်။ ကျနော့်ထက် အသက် ၁၀ နှစ်လောက် ငယ်ပါတယ်။

သူ့အဖိုး၊ သူ့အဖေလည်း အင်ဂျင်နီယာတွေဖြစ်ကြောင်း။ ဆည်မြောင်းနဲ့ ဆောက်လုပ်ရေးဌာနတွေမှာ ဝန်ထမ်းတွေ လုပ်ခဲ့ကြပြီး သူ့ကိုတော့ ဝန်ထမ်းမလုပ်ခိုင်းလို့ အခုလို ရန်ကုန်မှာလာပြီး အချိန်ပိုင်း သင်တန်းဆရာလုပ်နေကြောင်းပြောပါတယ်။ သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။

အဲဒီ 2009 က ကျွန်တော် ဝန်ထမ်းက ထွက်တဲ့နှစ်ပါ။ အခု ကျွန်တော် အပြင်က ပုဂ္ဂလိက အဆောက်အဦးတွေ လိုက်ဆောက်းပေးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဘဲ။ ဘာမှ ခိုးစရာ၊ လိမ်စရာ မရှိတော့ဘူး။ ဘယ်သူ့မှ မပေးချင်ပေးချင်နဲ့ ပေးရတဲ့ percentage တွေလည်း မရှိဘူး။

ရှင်းတယ်။ ဘဝဆိုတာ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ရမယ်လို့ မဟာမြိုင်ဆရာတော် ရေးတဲ့ စာအုပ်မှာ ဖတ်ဖူးပါတယ်။ စာဖတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ များများလည်း share ပေးကြပါ။ မျိုးဆက်သစ်တွေအတွက်ပေါ့။ အိပ်မက်လှလှလေးတွေ မက်ပါစေ။

အမည်မသိ ရေးသားသူ အား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

zawgyi

အရွုပ္ထဲမွာ မေနခ်င္လို႔ ရွင္းရွင္းေျပာရရင္ စိတ္လုံးဝ မသတီလို႔.. မိသားစုနဲ႔တိုင္ပင္ၿပီး အလုပ္ကေနထြက္ခဲ့တယ္။ရင္နာစရာေတာ့ေကာင္းပါတယ္။ အင္ဂ်င္နီယာပညာေတြသင္၊ အင္ဂ်င္နီယာအလုပ္လုပ္တဲ့သူေတြကို သူခိုးေတြလို႔ေျပာၾကတယ္။ ဘယ္အင္ဂ်င္နီယာက ခိုးခ်င္ပါ့မလဲ။ ခိုးခ်င္တဲ့သူလည္း ရွိခ်င္ရွိမွာေပါ့ေလ။

ဒါေပမယ့္ ဒီေလာက္ပညာေတြသင္လာၿပီးမွ ခိုးမွ စားရမယ္ဆိုတာကိုေတာ့ အမ်ားစုကဘဝင္က်နိုင္မည္မဟုတ္ပါ။ ဒါဆို မခိုးၾကဘူးလား။ ဟုတ္ကဲ့ ခိုးပါတယ္။ကၽြန္ေတာ္လည္း အစိုးရအင္ဂ်င္နီယာဝန္ထမ္းဘဝနဲ႔ ဆယ္ႏွစ္ေက်ာ္ ခိုးၿပီး မိသားစုကို ေကၽြးေမြးခဲ့ရပါတယ္။ မိသားစုကို ေကၽြးေမြးဖို႔ေလာက္ဆို အင္ဂ်င္နီယာေတြ ခိုးဖို႔လိုမည္မထင္ပါ။

ကိုယ့္မိသားစု မဟုတ္တဲ့ သူေတြအတြက္ပါ ခိုးၿပီး ေကၽြးရ၊ ေပးရလို႔၊ မင္းတို႔လည္းခိုး၊ ငါတို႔ကိုလည္း percentage ေပးဆိုတဲ့ လူတန္းစားတစ္ရပ္ ဖန္တီးျဖစ္ေပၚလာတဲ့အတြက္ ကၽြန္ေတာ္တို႔ အင္ဂ်င္နီယာေတြ သူခိုးဘဝကို ေရာက္ၾကပါေတာ့တယ္။

Yellow Book လို႔ေခၚတဲ့ Analysis of Rates မွာ လုပ္ငန္း items အလိုက္ materials ကို Wastage ရာခိုင္းႏွုံးက material အေပၚမူတည္ၿပီး 5% ကေန 50% အထိ ခြင့္ျပဳထားပါတယ္။

ပစၥည္းအေလအလြင့္မရွိေအာင္ လုပ္တတ္ရင္ ကိုယ္တြက္က်န္ၿပီးသာပါ။ ဝယ္တဲ့ဆိုင္က ေဖာက္သည္ျဖစ္ေအာင္ commission ေပးတာလည္း ရွိပါတယ္။ ဟုတ္ၿပီ။ ဒါဆို ဘာျဖစ္လို႔ခိုးတာလဲ။ဒီေနရာမွာ ဘာကို ဘယ္လိုခိုးသလဲဆိုတာ ရွင္းျပပါမယ္။

(၁) Quality အေပၚမွ ခိုးျခင္း လုပ္ငန္းတစ္ခုေဆာင္ရြက္ဖို႔ drawings နဲ႔ estimate ေတြ ရွိရပါတယ္။ details drawing ကိုဖတ္ၿပီး estimate ဆြဲရပါတယ္။ ဥပမာ brick work ဆိုပါစို႔။details drawing မွာ 1:3 cement mortar နဲ႔ျပထားၿပီး estimate ကလည္း 1:3 cement mortar နဲ႔ materials ထုတ္တယ္။field မွာလုပ္ေတာ့ composite mortar သုံးတယ္။ သို႔မဟုတ္ 1:5 cement mortar ကိုသုံးတယ္ဆိုရင္ cement ရဲ့ quantity ေလၽွာ့သုံးလိုက္တဲ့အတြက္ quality အေပၚမွ ခိုးျခင္းဘဲျဖစ္ပါတယ္။

(၂) Substituted ခိုးျခင္း ဒါကေတာ့ ပစၥည္းတစ္ခုကို တန္ဘိုးနည္း အမ်ိဳးအစားတူပစၥည္းျဖင့္ အစားထိုး ထည့္သုံးျခင္းဘဲျဖစ္ပါတယ္။ဥပမာ estimate မွာ cement ကို တံဆိပ္ေတြ၊ made ေတြ ေရးမထားဘူး။ ဒါေပမယ့္ price ကေတာ့ Thai brand နဲ႔ cost ျပထားတယ္။

တကယ္သုံးေတာ့ China made နဲ႔ တြယ္လိုက္တယ္ဆိုရင္ ဒါ ခိုးတာဘဲေပါ့။ တစ္ခ်ိဳ႕ဆို hardwood အစား Inn နဲ႔ေတာင္ ထည့္သုံးခဲ့ၾကတယ္ ဒီမွာက Thai ရယ္၊ China ရယ္ Local ရယ္ဆိုၿပီး လြတ္လပ္စြာ ဝယ္ယူအသုံးခ်ခြင့္ ရွိေတာ့ ပက္ပက္စက္စက္ကို လုပ္ေနၾကတာ။ အရင္ေခတ္ေတြက ပိုဆိုးေပါ့။

(၃) Measurement ကို ခိုးျခင္း အမ်ားအားျဖင့္ေတာ့ အလြယ္တကူျမင္ေတြ႕လို႔မရတဲ့ Foundation အပိုင္းေတြမွာ ခိုးတာမ်ားပါတယ္။ depth ကို ေလၽွာ့တူးတာ၊ Retaining wall ေတြမွာ steps ေတြ မထည့္တာေတြေပါ့။Roads ေတြမွာ လမ္းခင္းေက်ာက္ထု မျပည့္တာ၊ လမ္းအက်ယ္ေတြ ေလ်ာ့တာေတြလည္း ဒီခိုးနည္းမွာ ပါတာေပါ့။

(၄) အေပ်ာက္ရိုက္ခိုးျခင္း ဒီခိုးနည္းကို ဥပမာေပးဖို႔ ေတာ္ေတာ္စဥ္းစားရတယ္။ ဘယ္မွာေတြ႕လည္းဆိုေတာ့ လြန္ခဲ့တဲ့ ၂လေလာက္က fb မွာ ေက်ာင္းေဆာက္တာနဲ႔ ပတ္သက္ၿပီး tender ေအာင္လို႔ လုပ္ခြင့္ရတဲ့ ကုမၸဏီက စာသင္ေက်ာင္းေဆာက္ရာမွာ 9″x9″ R.C.C plinth beam ထည့္ရမွာကို သံေခ်ာင္းမထည့္ဘဲ ထု 6″ ေလာက္နဲ႔ concrete ေလာင္းထားတယ္။

“ခိုးခ်င္တာလည္း ျပာလို႔၊ အ,လိုက္တာလည္းခ်ာလို႔” ေျပာရမလိုျဖစ္ေနၿပီ။ တကယ္ဆို သံေခ်ာင္းမထည့္မွေတာ့ 2″ ထုနဲ႔ D.P.C ဘဲ ေလာင္းလိုက္ေပါ့။ သိတဲ့သူက စစ္လို႔ေပၚေတာ့ ရွက္စရာျဖစ္ေရာ။ 2″ ထု D.P.C ေလာင္းထားလို႔ စစ္တဲ့သူလာရင္ အင္ဂ်င္နီယာကို လႊဲခ်လို႔ရတာေပါ့။ ကုမၸဏီပိုင္ရွင္ေတြအတြက္ အင္ဂ်င္နီယာေတြရဲ့ အသုံးဝင္ပုံ တစ္ခုေပါ့။

ဒီနည္းကေတာ့ ခပ္တည္တည္နဲ႔ သုံးရမယ့္ပစၥည္းကို လုံးဝထည့္မသုံးလို႔ အေပ်ာက္ရိုက္ခိုးျခင္းမည္ေၾကာင္း ဂဏွာဟိ မွတ္ေလေလာ့။ (၅) Rate ကို ခိုးျခင္း ဒီခိုးနည္းကိုေတာ့ Local Rate ဆိုတဲ့ ေဒသေပါက္ေဈးႏွုန္းအေပၚမွီၿပီး ခိုးတာပါ။

လက္ေတြ႕သိခ်င္ရင္ေတာ့ မိမိတို႔ၿမိဳ႕က အတည္ျပဳ ထုတ္ေပးထားတဲ့ ေဒသေပါက္ေဈးႏွုန္းစာအုပ္ထဲက ေဆာက္လုပ္ေရးပစၥည္းေဈးႏွုန္းေတြနဲ႔ အျပင္ ကုန္မာဆိုင္ေတြက ေရာင္းတဲ့ ေဈးႏွုန္းေတြကို သုေတသနလုပ္ၾကည့္ၾကပါ။ ဘယ္ၿမိဳ႕မွာမဆိုေပါ့။

ဒီေလာက္ဆို ျပည့္စုံသေလာက္ရွိပါၿပီ။ ဒါကိုဖတ္ၿပီး ကုမၸဏီေတြနဲ႔ တစ္ခ်ိဳ႕ အင္ဂ်င္နီယာေတြက အကၽြန္ုပ္ကို ေမတၱာေတြ ပို႔ၾကေရာ့မယ္။ ကိစၥမရွိပါဘူး။ ဆဲခ်င္လည္း ဆဲလို႔ရပါတယ္။ကၽြန္ေတာ္ အထက္မွာေျပာခဲ့သလိုဘဲ။ အင္ဂ်င္နီယာပညာဆိုတာ လူတိုင္းသင္ယူခြင့္ မရၾကပါဘူး။ ေနာက္ၿပီး အင္ဂ်င္နီယာျဖစ္ရတာလည္း ဂုဏ္ယူစရာတစ္ခုပါ။

ဒါေပမယ့္ ခိုးစားရတယ္ဆိုတာကေတာ့ ပညာတတ္ေတြရဲ့ အလုပ္မဟုတ္သလို ဂုဏ္ယူစရာနဲ႔လည္း လုံးဝ ဆန႔္က်င္ဖက္ႀကီးပါ။ ခိုးတယ္ဆိုမွေတာ့ အဒိႏၷဒါနကံ ေျမာက္ေနပါၿပီ။ဒါကို မသိလို႔လုပ္ေနတာလားဆိုေတာ့လည္း မဟုတ္ျပန္ဘူး။ သိသိႀကီးနဲ႔ လုပ္ေနၾကတာပါ။

ဘာသာတရားနဲ႔ေျပာရင္လည္း ဗုဒၶဘာသာနိုင္ငံျဖစ္ၿပီး အေျခခံ ၅ ပါးသီလမွ လုံျခဳံေအာင္ မေစာင့္ထိန္းနိုင္တဲ့လူမ်ိဳးေတြပါလားဆိုၿပီး ရွက္ဖို႔လည္း ေကာင္းပါတယ္။ေနာက္ၿပီး နိုင္ငံတစ္ခုကို တိုးတက္ေအာင္ တည္ေဆာက္ရာမွာ စာရိတၱမ႑ိဳင္ မခိုင္ဘဲနဲ႔ တည္ေဆာက္လို႔မရပါ။

လူမ်ိဳးတစ္မ်ိဳးရဲ့ စာရိတၱမ႑ိဳင္ဟာ အေဆာက္အဦတစ္ခုရဲ့ အုတ္ျမစ္ Foundation ပါ။ အားလုံးရဲ့အႀကံဥာဏ္ေတြနဲ႔ စုေပါင္းၿပီး လက္ရွိ ျဖစ္ပ်က္ေနတာေတြကို ျပဳျပင္ဖို႔ လိုေနပါၿပီ။ဒီလိုေျပာေတာ့ မင္းက ဝန္ထမ္းကထြက္ၿပီး ေသာက္ႀကီးေသာက္က်ယ္ေျပာတယ္ ထင္ခ်င္ ထင္ၾကမယ္။ ႀကိဳက္သလို ထင္နိုင္ပါတယ္။ ကၽြန္ေတာ္ ဝန္ထမ္းဘဝကတင္ ထြက္ခဲ့တာမဟုတ္ပါ။

ေနာက္ဘဝေတြမွာ သီလမလုံလို႔၊ အဒိႏၷဒါနကံေၾကာင့္ ျဖစ္မယ့္၊ ခံရမယ့္ အပါယ္ဘုံဘဝေတြကေနကို လြတ္ဖို႔ဆိုၿပီး တတ္နိုင္သေလာက္ ေရွာင္ထြက္ျခင္းပါ။ကၽြန္ေတာ့္အဖိုးေတြနဲ႔ ကၽြန္ေတာ့္အေဖဟာ ဘာသာေရးလိုက္စားသူေတြပါ။ ကၽြန္ေတာ္ အလုပ္ထြက္စာတင္ၿပီးတာနဲ႔ ရြာက ကၽြန္ေတာ့္အေဖဆီ စာတစ္ေစာင္ေရးပို႔ပါတယ္။

ကၽြန္ေတာ္အလုပ္ထြက္ရျခင္းကို ကၽြန္ေတာ့အေဖ နားလည္ေစဖို႔ပါ။အဓိကအေၾကာင္းျပတာကေတာ့ ကၽြန္ေတာ္ အင္ဂ်င္နီယာလုပ္ၿပီး ျပည္သူ႔ဘ႑ာကို မခိုးခ်င္ေတာ့ေၾကာင္း၊ လုပ္တာတမ်ိဳး၊ စာရင္းျပေတာ့တစ္မ်ိဳးဆိုေတာ့ မုသာဝါဒကံပါ ခ်ိဳးေဖာက္ေနသလိုျဖစ္လို႔ အလုပ္ထြက္လိုက္တာျဖစ္ပါေၾကာင္း၊ ဒီလိုမခိုး၊မလိမ္ညာဘဲ ဘဝကိုရပ္တည္လို႔ရမယ္လို႔ ယုံၾကည္ေၾကာင္းေတြ ေရးလိုက္တာပါ။ အေဖလည္း ေက်နပ္မွာပါေလ။

2009 ခုနစ္ ရန္ကုန္မွာ ကၽြန္ေတာ့္ကို Staad. Pro သင္ေပးတဲ့ ဆရာမေလးက သူ႔အေၾကာင္းကို ေျပာျပပါတယ္။ က်ေနာ့္ထက္ အသက္ ၁၀ ႏွစ္ေလာက္ ငယ္ပါတယ္။

သူ႔အဖိုး၊ သူ႔အေဖလည္း အင္ဂ်င္နီယာေတြျဖစ္ေၾကာင္း။ ဆည္ေျမာင္းနဲ႔ ေဆာက္လုပ္ေရးဌာနေတြမွာ ဝန္ထမ္းေတြ လုပ္ခဲ့ၾကၿပီး သူ႔ကိုေတာ့ ဝန္ထမ္းမလုပ္ခိုင္းလို႔ အခုလို ရန္ကုန္မွာလာၿပီး အခ်ိန္ပိုင္း သင္တန္းဆရာလုပ္ေနေၾကာင္းေျပာပါတယ္။ သူဘာကိုဆိုလိုတယ္ဆိုတာ ကၽြန္ေတာ္ နားလည္ပါတယ္။

အဲဒီ 2009 က ကၽြန္ေတာ္ ဝန္ထမ္းက ထြက္တဲ့ႏွစ္ပါ။ အခု ကၽြန္ေတာ္ အျပင္က ပုဂၢလိက အေဆာက္အဦးေတြ လိုက္ေဆာက္းေပးတယ္။ ႀကိဳက္ေရာင္း၊ ႀကိဳက္ဝယ္ဘဲ။ ဘာမွ ခိုးစရာ၊ လိမ္စရာ မရွိေတာ့ဘူး။ ဘယ္သူ႔မွ မေပးခ်င္ေပးခ်င္နဲ႔ ေပးရတဲ့ percentage ေတြလည္း မရွိဘူး။

ရွင္းတယ္။ ဘဝဆိုတာ အရွုပ္ထဲမွာ ရွင္းေအာင္ေနတတ္ရမယ္လို႔ မဟာၿမိဳင္ဆရာေတာ္ ေရးတဲ့ စာအုပ္မွာ ဖတ္ဖူးပါတယ္။ စာဖတ္ေပးသူအားလုံးကို ေက်းဇူးအထူးတင္ပါတယ္ဗ်ာ။ မ်ားမ်ားလည္း share ေပးၾကပါ။ မ်ိဳးဆက္သစ္ေတြအတြက္ေပါ့။ အိပ္မက္လွလွေလးေတြ မက္ပါေစ။

အမည္မသိ ေရးသားသူ အား ေလးစားစြာ ခရက္ဒစ္ ေပးပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *