တ႐ုတ္နိုင္ငံက AESA ေရဒါတပ္ဆင္ထားသည့္ အဆင့္ျမႇင့္တင္ထားတဲ့ J-11B တိုက္ေလယာဥ္မ်ား စီးရီးလိုက္ထုတ္လုပ္မွု စတင္

Active Electronic Scanning Array (AESA) ရေဒါတပ်ဆင်ထားတဲ့ တရုတ်ရဲ့ J-11B တိုက်လေယာဉ် စီးရီးလိုက်ထုတ်လုပ်မှုကို စတင်ခဲ့တယ်လို့ဆိုပါတယ်။J-11BG အဖြစ် ပြန်လည် သတ်မှတ်ထားတဲ့ အဆင့်မြှင့်ထားတဲ့ တိုက်လေယာဉ် စီးရီးလိုက်ထုတ်လုပ်မှုကို တရုတ်နိုင်ငံ လေကြောင်းစက်မှုကော်ပိုရေးရှင်း (AVIC) ရှိ Shenyang လေယာဉ်စက်ရုံမှာ စတင်ခဲ့တာဖြစ်ပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ လေယာဉ်တွေရဲ့စမ်းသပ်မှုဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က ပြီးစီးခဲ့တာ ဖြစ်ပါတယ်။AVIC က Sina Weibo အကောင့်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။AVIC ရဲ့ Weibo post မှာ တွေ့ရတဲ့ဓာတ်ပုံတွေအရ အဖြူရောင်ရေဒါအမိုးနဲ့ J-11B တိုက်လေယာဉ်ရဲ့ ပုံသဏ္ဍာန်ဟာဆိုရင် ရေဒါအပြောင်းအလဲကို ညွှန်ပြနေတယ်လို့ တရုတ်စစ်ဘက်ရေးရာ တရုတ်ဗဟို ရုပ်မြင်သံကြားအစီအစဉ် Weihutang က ပြောကြားခဲ့ပါတယ်။

ယခင် J-11B ဂျက်တိုက်လေယာဉ် အများစုဟာ သူတို့ရဲ့ရေဒါအမိုးတွေကို အနက်ရောင်ခြယ်သထားတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက AESA ရေဒါတပ်ဆင်ထားတဲ့ တရုတ် J-11B တိုက်လေယာဉ်ကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရပါတယ်။

J-11B အမျိုးအစားသစ်ကို ဘယ်လိုတိုးတက်အောင်ပြုလုပ်ခဲ့ကြောင်း မသိရသေးပေမဲ့ လေ့လာသုံးသပ်သူတွေက ယခင် Pulse-Doppler ရေဒါကို အစားထိုးဖို့ အဆင့်မြင့် Active Electronic Scanning Array (AESA) ရေဒါ တပ်ဆင်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတစ်ဦးက J-11B မှာ AESA ရေဒါရှိနိုင်တယ်ဆိုတာ မသေချာသေးဘူးလို့ ဆိုပါတယ်။

J-11B မျိုးကွဲ လေယာဉ်အသစ်ရဲ့ဓာတ်ပုံအချို့မှာ လေယာဉ်ဟာ ၎င်းရဲ့ ရေဒါအမိုးခုံးရဲ့ရှေ့ အလယ်တည့်တည့်မှာ လေတိုက်နှုန်းတိုင်းကိရိယာ ရှိနေဆဲဖြစ်ပါတယ်။အဲဒီလေတိုက်နှုန်းတိုင်းကိရိယာဟာ AESA ရေဒါနဲ့ အံဝင်ကွက်ကျ မဖြစ်တဲ့ ပြဿနာတွေရှိပါတယ်။

အဲဒါကြောင့်မို့ တစ်ကယ်လို့သာ ယင်းလေယာဉ်ဟာ AESA ရေဒါတပ်ဆင်ထားတယ်ဆိုရင် စူးစမ်းလေ့လာဖို့ လိုသေးတယ်လို့ တရုတ်စစ်လေကြောင်း ကျွမ်းကျင်သူ Fu Qianshao က Global Times ကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အဖြူရောင်ရေဒါအမိုးခုံးအသစ်အရ J-11B တိုက်လေယာဉ်အသစ်ဟာ ရေဒါစနစ်သစ် တစ်ခုတပ်ဆင်ထားတာဖြစ်နိုင်တယ်လို့ Fu က ပြောကြားခဲ့ပါတယ်။ဒါဟာ သိသိသာသာတိုးတက် လာတဲ့ Pulse-Doppler ရေဒါ ဒါမှမဟုတ် Passive Electronic Scanning Array (PESA) ရေဒါလည်းဖြစ်နိုင်တယ်။AESA ရေဒါ ဖြစ်နိုင်ခြေကိုလည်း လုံးဝထည့်တွက်မထားသင့်ကြောင်း Fu က ပြောကြားခဲ့ပါတယ်။

တရုတ်က ၎င်းတို့ရဲ့ခေတ်မမီတော့တဲ့ လေယာဉ်မျိုးဆက်ဟောင်းအများစုကို ခေတ်မီရေဒါနဲ့အတူ အဆင့်မြှင့်တင်လုပ်ဆောင်နေပြီး J-11B ကို အဆင့်မြှင့်တာဟာလည်း ဒီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ပါတယ်။တရုတ်သုတေသနဌာန၊ နန်ကျင်းအီလက်ထရောနစ် နည်းပညာအင်စတီကျုက တီထွင်ထုတ်လုပ်ခဲ့တဲ့ KLJ-7A AESA ရေဒါကို J-11B မှာ တွေ့မြင်နိုင်တယ်လို့လည်းဆိုပါတယ်။

source : မင်းသစ်ဆွေ (သုတေသန)

zawgyi

Active Electronic Scanning Array (AESA) ေရဒါတပ္ဆင္ထားတဲ့ တ႐ုတ္ရဲ႕ J-11B တိုက္ေလယာဥ္ စီးရီးလိုက္ထုတ္လုပ္မႈကို စတင္ခဲ့တယ္လို႔ဆိုပါတယ္။J-11BG အျဖစ္ ျပန္လည္ သတ္မွတ္ထားတဲ့ အဆင့္ျမႇင့္ထားတဲ့ တိုက္ေလယာဥ္ စီးရီးလိုက္ထုတ္လုပ္မႈကို တ႐ုတ္ႏိုင္ငံ ေလေၾကာင္းစက္မႈေကာ္ပိုေရးရွင္း (AVIC) ရွိ Shenyang ေလယာဥ္စက္႐ုံမွာ စတင္ခဲ့တာျဖစ္ပါတယ္။

အဆင့္ျမႇင့္တင္ထားတဲ့ ေလယာဥ္ေတြရဲ႕စမ္းသပ္မႈဟာ ဒီဇင္ဘာ ၁၈ ရက္ေန႔က ၿပီးစီးခဲ့တာ ျဖစ္ပါတယ္။AVIC က Sina Weibo အေကာင့္မွာ ဒီဇင္ဘာ ၂၃ ရက္ေန႔က ထုတ္ျပန္ခဲ့တာပါ။AVIC ရဲ႕ Weibo post မွာ ေတြ႕ရတဲ့ဓာတ္ပုံေတြအရ အျဖဴေရာင္ေရဒါအမိုးနဲ႔ J-11B တိုက္ေလယာဥ္ရဲ႕ ပုံသ႑ာန္ဟာဆိုရင္ ေရဒါအေျပာင္းအလဲကို ၫႊန္ျပေနတယ္လို႔ တ႐ုတ္စစ္ဘက္ေရးရာ တ႐ုတ္ဗဟို ႐ုပ္ျမင္သံၾကားအစီအစဥ္ Weihutang က ေျပာၾကားခဲ့ပါတယ္။

ယခင္ J-11B ဂ်က္တိုက္ေလယာဥ္ အမ်ားစုဟာ သူတို႔ရဲ႕ေရဒါအမိုးေတြကို အနက္ေရာင္ျခယ္သထားတာျဖစ္ပါတယ္။ ၂၀၁၁ ခုႏွစ္၊ ႏိုဝင္ဘာလက AESA ေရဒါတပ္ဆင္ထားတဲ့ တ႐ုတ္ J-11B တိုက္ေလယာဥ္ကို ပထမဆုံးအႀကိမ္အျဖစ္ ျမင္ေတြ႕ခဲ့ရပါတယ္။

J-11B အမ်ိဳးအစားသစ္ကို ဘယ္လိုတိုးတက္ေအာင္ျပဳလုပ္ခဲ့ေၾကာင္း မသိရေသးေပမဲ့ ေလ့လာသုံးသပ္သူေတြက ယခင္ Pulse-Doppler ေရဒါကို အစားထိုးဖို႔ အဆင့္ျမင့္ Active Electronic Scanning Array (AESA) ေရဒါ တပ္ဆင္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။ ဒါေပမဲ့ ကြၽမ္းက်င္သူတစ္ဦးက J-11B မွာ AESA ေရဒါရွိႏိုင္တယ္ဆိုတာ မေသခ်ာေသးဘူးလို႔ ဆိုပါတယ္။

J-11B မ်ိဳးကြဲ ေလယာဥ္အသစ္ရဲ႕ဓာတ္ပုံအခ်ိဳ႕မွာ ေလယာဥ္ဟာ ၎ရဲ႕ ေရဒါအမိုးခုံးရဲ႕ေရွ႕ အလယ္တည့္တည့္မွာ ေလတိုက္ႏႈန္းတိုင္းကိရိယာ ရွိေနဆဲျဖစ္ပါတယ္။အဲဒီေလတိုက္ႏႈန္းတိုင္းကိရိယာဟာ AESA ေရဒါနဲ႔ အံဝင္ကြက္က် မျဖစ္တဲ့ ျပႆနာေတြရွိပါတယ္။

အဲဒါေၾကာင့္မို႔ တစ္ကယ္လို႔သာ ယင္းေလယာဥ္ဟာ AESA ေရဒါတပ္ဆင္ထားတယ္ဆိုရင္ စူးစမ္းေလ့လာဖို႔ လိုေသးတယ္လို႔ တ႐ုတ္စစ္ေလေၾကာင္း ကြၽမ္းက်င္သူ Fu Qianshao က Global Times ကို ဒီဇင္ဘာလ ၂၄ ရက္ေန႔က ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ အျဖဴေရာင္ေရဒါအမိုးခုံးအသစ္အရ J-11B တိုက္ေလယာဥ္အသစ္ဟာ ေရဒါစနစ္သစ္ တစ္ခုတပ္ဆင္ထားတာျဖစ္ႏိုင္တယ္လို႔ Fu က ေျပာၾကားခဲ့ပါတယ္။ဒါဟာ သိသိသာသာတိုးတက္ လာတဲ့ Pulse-Doppler ေရဒါ ဒါမွမဟုတ္ Passive Electronic Scanning Array (PESA) ေရဒါလည္းျဖစ္ႏိုင္တယ္။AESA ေရဒါ ျဖစ္ႏိုင္ေျခကိုလည္း လုံးဝထည့္တြက္မထားသင့္ေၾကာင္း Fu က ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္က ၎တို႔ရဲ႕ေခတ္မမီေတာ့တဲ့ ေလယာဥ္မ်ိဳးဆက္ေဟာင္းအမ်ားစုကို ေခတ္မီေရဒါနဲ႔အတူ အဆင့္ျမႇင့္တင္လုပ္ေဆာင္ေနၿပီး J-11B ကို အဆင့္ျမႇင့္တာဟာလည္း ဒီအစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ႏိုင္ပါတယ္။တ႐ုတ္သုေတသနဌာန၊ နန္က်င္းအီလက္ထေရာနစ္ နည္းပညာအင္စတီက်ဳက တီထြင္ထုတ္လုပ္ခဲ့တဲ့ KLJ-7A AESA ေရဒါကို J-11B မွာ ေတြ႕ျမင္ႏိုင္တယ္လို႔လည္းဆိုပါတယ္။

source : မင္းသစ္ေဆြ (သုေတသန)

Leave a Reply

Your email address will not be published. Required fields are marked *