US ထုတ္ PREDATOR DRONE ၁၀ စီး ပိုင္ဆိုင္ေတာ့မည့္ အိႏၵိယေရတပ္

အိန္ဒိယအစိုးရအနေနဲ့ Indian Navy Ships များတွင် တင်ဆောင်အသုံးပြုရန်အတွက် US ထုတ် Predator မောင်းသူမဲ့လေယာဉ် ၁၀ အား ဝယ်ရန် Rs 1300 ကုဋေ အား ခွင့်ပြုပေးခဲ့တာပါ။ပြီးခဲ့နှစ်အတွင်းမှာ အိန္ဒိယဟာ အဆိုပါ Predator Drone ၂ စီးအား US မှ ဌားရမ်းအသုံးပြုခဲ့ပြီး Chennai ရှိ INS Rajali လေတပ်စခန်းမှနေပြီး IOR ၌ ကင်းလှည့်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ နိုဝင်ဘာမှာ စတင်ရရှိခဲ့ပြီး နိုဝင်ဘာ တတိယအပတ်ကစပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။US အနေနဲ့ Drone ၂စီးအပြင် Personal Training အတွက် နည်းပြအဖွဲ့တစ်ဖွဲ့ကိုပါ စေလွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။IN အနေနဲ့ ယခုကဲ့သို့ land based ဌားရမ်းစမ်းသပ်အသုံးပြုခဲ့ရာ အဆိုပါ လေယာဉ်များဟာ နာရီ ၃၀ ကျော်အထိ ကင်းထောက်စစ်ဆင်နိုင်စွမ်းရှိခဲ့ပါတယ်။

ထို့ကြောင့်လည်း ရေတပ်ရဲ့ ဖျက်သင်္ဘောနဲ့အထက် ရေယာဉ်ကြီးများတွင် တင်ဆောင်ပြီး အရှေ့အာဖရိက မဒက္ကာစဂါနိုင်ငံမှသည် မလ္လကာရေလက်ကြားအထိ ၎င်းတို့ရဲ့ ရေပြင်အတွင်း တရားမဝင်ဝင်ရောက်လာမဲ့ တရုတ်အပါအဝင် အခြားရေတပ်များကို စောင့်ကြည့်ထောက်လှမ်းဖို့ အသုံးပြုတော့မှာ ဖြစ်ပါတယ်။

အဆိုပါ Predator drone များဟာ အလျား ၂၇ ပေရှိပြီး အများကြီးအလေးချိန် 1020kg ရှိပါတယ်။ Max Sp 117 kts ရရှိပြီး အကွာအဝေး 675 nm ကို ၂၄ နာရီအထိ စစ်ဆင်နိုင်စွမ်း ရှိပါတယ်။လက်နက်တပ်ဆင်ရန်နေရာ ၂ ခုပါရှိပြီး Hellfire Missile ၂လုံး ဒါမှမဟုတ် Stinger ၄လုံးနဲ့ Griffin ၆ လုံး တပ်ဆင်အသုံးပြုနိုင်ပါတယ်။

ကင်းထောက်စစ်ဆင်နိုင်မှု စွမ်းရည်တိုးတက်လာစေရန်အတွက်လည်း အိန္ဒိယရေတပ်ဟာ US ထုတ် Sea Guardian Drone များ ဝယ်ယူရန်လည်း သီးခြားလုပ်ဆောင်လျက်ရှိပါတယ်။ထို့အပြင် ၎င်းတို့ရှိ မူလ မောင်းသူမဲ့လေယာဉ်များကိုလည်း အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျက်ရှိတယ်လို့ ကြားသိရပါတယ်။

source : Expand Your Knowledge

zawgyi

အိႏၵိယအစိုးရအေနနဲ႔ Indian Navy Ships မ်ားတြင္ တင္ေဆာင္အသုံးျပဳရန္အတြက္ US ထုတ္ Predator ေမာင္းသူမဲ့ေလယာဥ္ ၁၀ အား ဝယ္ရန္ Rs 1300 ကုေဋ အား ခြင့္ျပဳေပးခဲ့တာပါ။ၿပီးခဲ့ႏွစ္အတြင္းမွာ အိႏၵိယဟာ အဆိုပါ Predator Drone ၂ စီးအား US မွ ဌားရမ္းအသုံးျပဳခဲ့ၿပီး Chennai ရွိ INS Rajali ေလတပ္စခန္းမွေနၿပီး IOR ၌ ကင္းလွည့္ေထာက္လွမ္းမွုမ်ား ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

၂၀၁၉ နိုဝင္ဘာမွာ စတင္ရရွိခဲ့ၿပီး နိုဝင္ဘာ တတိယအပတ္ကစၿပီး အသုံးျပဳခဲ့တာျဖစ္ပါတယ္။US အေနနဲ႔ Drone ၂စီးအျပင္ Personal Training အတြက္ နည္းျပအဖြဲ႕တစ္ဖြဲ႕ကိုပါ ေစလႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။IN အေနနဲ႔ ယခုကဲ့သို႔ land based ဌားရမ္းစမ္းသပ္အသုံးျပဳခဲ့ရာ အဆိုပါ ေလယာဥ္မ်ားဟာ နာရီ ၃၀ ေက်ာ္အထိ ကင္းေထာက္စစ္ဆင္နိုင္စြမ္းရွိခဲ့ပါတယ္။

ထို႔ေၾကာင့္လည္း ေရတပ္ရဲ့ ဖ်က္သေဘၤာနဲ႔အထက္ ေရယာဥ္ႀကီးမ်ားတြင္ တင္ေဆာင္ၿပီး အေရွ႕အာဖရိက မဒကၠာစဂါနိုင္ငံမွသည္ မလႅကာေရလက္ၾကားအထိ ၎တို႔ရဲ့ ေရျပင္အတြင္း တရားမဝင္ဝင္ေရာက္လာမဲ့ တ႐ုတ္အပါအဝင္ အျခားေရတပ္မ်ားကို ေစာင့္ၾကည့္ေထာက္လွမ္းဖို႔ အသုံးျပဳေတာ့မွာ ျဖစ္ပါတယ္။

အဆိုပါ Predator drone မ်ားဟာ အလ်ား ၂၇ ေပရွိၿပီး အမ်ားႀကီးအေလးခ်ိန္ 1020kg ရွိပါတယ္။ Max Sp 117 kts ရရွိၿပီး အကြာအေဝး 675 nm ကို ၂၄ နာရီအထိ စစ္ဆင္နိုင္စြမ္း ရွိပါတယ္။လက္နက္တပ္ဆင္ရန္ေနရာ ၂ ခုပါရွိၿပီး Hellfire Missile ၂လုံး ဒါမွမဟုတ္ Stinger ၄လုံးနဲ႔ Griffin ၆ လုံး တပ္ဆင္အသုံးျပဳနိုင္ပါတယ္။

ကင္းေထာက္စစ္ဆင္နိုင္မွု စြမ္းရည္တိုးတက္လာေစရန္အတြက္လည္း အိႏၵိယေရတပ္ဟာ US ထုတ္ Sea Guardian Drone မ်ား ဝယ္ယူရန္လည္း သီးျခားလုပ္ေဆာင္လ်က္ရွိပါတယ္။ထို႔အျပင္ ၎တို႔ရွိ မူလ ေမာင္းသူမဲ့ေလယာဥ္မ်ားကိုလည္း အဆင့္ျမႇင့္တင္မွုမ်ား လုပ္ေဆာင္လ်က္ရွိတယ္လို႔ ၾကားသိရပါတယ္။

source : Expand Your Knowledge

Leave a Reply

Your email address will not be published. Required fields are marked *