ဂ်ပန္ကုမၸဏီ (၁၇၀၀) ေက်ာ္တို႔ တ႐ုတ္ျပည္မွ အလုံးအရင္းျဖင့္ ထြက္ခြာၿပီ

ယခုနှစ်တွင် ဂျပန်မှ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများ ၁၇၀၀ ကျော်တို့ ဂျပန်အစိုးရရဲ့ တိုက်တွန်းအားပေးမှုဖြင့် တရုတ်နိုင်ငံမှ ထွက်ခွာကြတယ်။ ဂျပန်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်ပြည်က မြို့ကြီးတွေမှာ စက်ရုံတွေ ပိတ်သိမ်းတာကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များအဖို့ စိုးရိမ်စရာ ဖြစ်လာတယ်။ အဲဒီခရိုင်တွေမှာ ဂျီဒီပီ ကျဆင်းမယ်။ ဘဏ္ဍာရေးဝင်ငွေ ကျဆင်းမယ်။ အလုပ်အကိုင်တွေ ဆုံးရှုံးကုန်တယ်။

ဂျပန်ကုမ္ပဏီ တွေ အလုံးအရင်းဖြင့် တရုပ်ပြည်မှ ထွက်ခါစဖို့ အစပြုခဲ့တာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ပင်လယ်ရပ်ခြားမှာ လုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီတွေ ပြည်တွင်းကို ပြန်ရွှေ့ကြဖို့၊ တရုတ်တစ်နိုင်ငံတည်းမှာ စုပြုံမနေဘဲ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဖြန့်ပြီး နေရာယူဖို့ ပြောကားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တရုတ်ပြည်မှ ပေးသွင်းမှုတွေ ရပ်ဆိုင်းကုန်တဲ့အခါ အလုပ်တွေ ရပ်ထားရတဲ့အဖြစ်ကို ဂျပန်ကုမ္ပဏီတွေ ရင်ဆိုင်ရတယ်။ သိသာထင်ရှားသွားတာက ကမ္ဘာ့တတိယ အကြီးမားဆုံး စီးပွားရေးဖြစ်တဲ ဂျပန်နိုင်ငံ စီးပွားရေးဟာ အစစ အရာရာ တရုတ်ပြည်ကို မှီခိုနေရတယ်ဆိုတဲ့ အားနည်းချက် ဖြစ်ပါတယ်။ အဲဒီအားနည်းချက် လျော့ပါးအောင် ပြည်တွင်မှာ ဖြစ်ဖြစ်၊ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဖြစ်ဖြစ် ဖြန့်ကျက် လုပ်ကိုင်ကြဖို့ တိုက်တွန်းအားပေးတာ ဖြစ်ပါတယ်။

အခုလို ရွှေ့ပြောင်းရတာအတွက် လိုအပ်တဲ့ ဘတ်ဂျက်တွေအတွက် အထောက်အပံ့အဖြစ် ဂျပန်အစိုးရက ၂၄၃.၅ ဘီလီယံယန်း သုံးစွဲမှာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၂.၃၅ ဘီလီယံနဲ့ ညီမျှတဲ့ ပမာဏ ဖြစ်ပါတယ်။ အခုလို ထောက်ပံ့ငွေပါ ပေးပြီး လက်တွေ့ကျကျ မူဝါဒ ကျင့်သုံးတာကြောင့် အောင်မြင်မှုရရှိတယ်လို့ ဂျပန် စီးပွားရေး၊ ကုန်သွယ်ရေး နှင့် စက်မှု ဝန်ကြီးဌာနက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ထုတ်ပြန်တဲ့ စာရင်းအရ တရုတ်ပြည်မှာ ဂျပန်ပြည်သို့ ဂျပန်ကုမ္ပဏီ ၅၇ ခု ရွှေ့ပြောင်းခဲ့ကြတယ်။ နောက်ထပ် ကုမ္ပဏီ ၃၀ တို့က အာဆီယံနိုင်ငံတွေဆီကို ရွှေ့ပြောင်းခဲ့ကြတယ်။

တတိယသုံးလပတ် အကုန်မှာ ရွှေ့ပြောင်းဖို့အတွက် ထောက်ပံ့ငွေ လျှောက်ထားတဲ့ ကုမ္ပဏီ ၁,၇၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ အရွှေ့အပြောင်းတွေကို ကူညီဖို့ နေရာသစ်တွေ ရှာပေးဖို့ လုပ်ငန်းအင်အားအဖွဲ့ task force ကို ထူထောင်ထားပြီး လုပ်ဆောင်ပေးနေတယ်လို့ ဘီဂျင်းမြို့တော်ရှိ ဂျပန်သံရုံးမှ ပြောကြားခဲ့ပါတယ်။

Japan Inc လို့ ဂျပန်လုပ်ငန်းတွေကို အကုန်လုံး သိမ်းကျုံးပြီး ရည်ညွှန်းပြောဆိုလေ့ရှိပြီး တရုတ်ပြည် မြို့ကြီးတွေထံမှ အရှေ့တောင်အာရှဆီ Japan Inc တွေ ရွှေ့ပြောင်းတာမှာ အားလုံးနီးပါးဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ဖြစ်တယ်လို့ စင်ဟွာသတင်းဌာနက သတင်းမှာ ဖော်ပြခဲ့ပါတယ်။

သူတို့လုပ်ကိုင်တဲ့ လုပ်ငန်းအမျိုးအစားက ကုန်ထုတ်လုပ် မှု ဖြစ်ပြီး မတ်စ်၊ ဆေးဘက်ဆိုင်ရာ ပစ္စည်း၊ ကိရိယာနဲ့ စက်တွေ၊ တိုးတာစစ်ဆေးတဲ့ စက်ကိရိယာတွေကို ထုတ်လုပ်ကြတဲ့ လုပ်ငန်းတွေက အများစု ဖြစ်ပါတယ်။

နိုင်ငံပိုင် မီဒီယာ စင်ဟွာက စစ်တမ်းကောက်ယူခဲ့တာမှာ ဂျပန်မှ ရင်းနှီးမြှုပ်နှံထားတဲ့ ကားထုတ်လုပ်ရေး၊ စီးပွားကူးသန်းရေး၊ ဘဏ္ဍာရေး လုပ်ငန်းတွေအနေဖြင့် တရုတ်ပြည်မှ ထွက်ခွာဖို့အစီအစဉ် မရှိကြောင်း သိရကြောင်းလည်း ဖော်ပြထားပါတယ်။

ဂျပန် ဆေးဝါးထုတ်လုပ်ရေးနဲ့ တကိုယ်ရေကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ ထုတ်လုပ်တဲ့လုပ်ငန်း I’m Corporation က ဂျပန်နိုင်ငံမှာ စက်ရုံသစ် တည်ဆောက်ဖို့ ပန္နက်တင်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ယခုလို တရုတ်ပြည်မှ စက်ရုံကို ဂျပန်မှာ ရွှေ့ပြောင်းခဲ့ပေမဲ့ တရုတ်ပြည်မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်း စူကျိုမှာ ရှိတဲ့ စက်ရုံကို ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျပန်လုပ်ငန်းတွေကြောင့် ဘဏ္ဍာဝင်ငွေတွေ ရတဲ့အပြင် အလုပ်အကိုင်တွေလည်း ဖန်တီးပေးထားတာနိုင်တာမို့ တရုတ်နိုင်ငံ မြို့ကြီးတွေမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဂျပန်ကုမ္ပဏီတွေကို ဆက်လက်လုပ်ကိုင်စေလိုကြတယ်။ ဆက်လက်လုပ်ကိုင်ချင်အောင် မက်လုံးတွေလည်း ဖန်တီးပေးတယ်။

ဂွမ်ဒေါင်ပြည်နယ်မှ ကွမ်ကျိုမြို့မှာ ဂျပန်ကားလုပ်ငန်းတွေ ဖြစ်ကြတဲ့ Toyota, Honda, Nissan နဲ့ Mitsubishi တို့ မော်တော်ယာဉ်နဲ့ မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်မှုတွေ လုပ်ကိုင်နေကြတာအတွက် အခွန်လျှော့ပေါ့ပေးလိုက်တယ်။

ဂွမ်ကျို မြူနီစပယ်နဲ့တကွ အစိုးရဌာနတွေက ဌာနသုံး မော်တော်ယာဉ်တွေ ဝယ်ယူတဲ့အခါ ဂျပန်ကားကိုသာ ဝယ်ဖို့ ပြဌာန်းထားတယ်။ မြို့တော်ဝန်နဲ့ ပါတီခေါင်းဆောင်တို့က ဟွန်ဒါ ဆီဒင်ကား ဝယ်စီးကြတယ်။

Toyota နဲ့ ဖက်စပ်လုပ်ငန်း ထူထောင်ပြီး လျှပ်စစ်ကားတွေနဲ့ လျှပ်စစ်ဓာတ်ဆီကားတွေ ထုတ်လုပ်တယ်။ တကယ်တော့ Toyota ရဲ့ မူလအစီအစဉ်က ကားစက်ရုံကို မလေးရှားမှာ လုပ်ကိုင်ဖို့ ဖြစ်ပြီး ကွမ်ကျိုမြို့မှ အာဏာပိုင်တွေရဲ့ တိုက်တွန်းအားပေးမှုကြောင့် ကွမ်ကျိုမြို့မှာ စက်ရုံထူထောင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရပိုင် Guangzhou Automobile Group က Toyota နဲ့ ဖက်စပ်လုပ်ကိုင်တဲ့အတွက် မြို့မှာ တည်ရှိတဲ့ ယာဉ်သုံးစက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်း ၃၀ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ရာချီတဲ့ အလုပ်သမားတွေ အလုပ်ဆက်လက်ရရှိစေခဲ့ပါတယ်။

အစိုးရ တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ အဖွဲ့အစည်း Japan External Trade Organization (JETRO) မှ တရုတ်ပြည်ရှိ ဂျပန်လုပ်ငန်းတွေကို စစ်တမ်းကောက်ယူခဲ့တာမှဦ ဂျပန်လုပ်ငန်း ၃,၅၀၀ ပါဝင်ခဲ့ပြီး ၁၅ % သာ တရုတ်ပြည်မှ ထွက်ခွာခဲ့ကြောင်း သိရတယ်။

ကိုဗစ်ကြောင့် တရုတ်ပြည်မှ ပေးသွင်းမှုတွေ မရရှိခဲ့လို့ လုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားခဲ့ရတာ ဖြစ်လို့ မဟာ ဗျူဟာအရ ဂျပန်ပြည်တွင်းနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဖြန့်ကျက်ကြတာမှာ ဂျပန်အစိုးရရဲ့ ထောက်ပံ့ငွေအပြင် နောက်ထပ် အကြောင်းအချက် ၂ ခု ရှိနေတယ်။

တစ်ချက်က တရုတ်ပြည်မှာ လုပ်သားခတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုဗစ်ကြောင့် တရုတ်ပြည်တွင်း ဈေးကွက်မှာ ရောင်းအားကျဆင်းနေတာ ဖြစ်ပါတယ်။ တရုတ်ပြည်တွငးဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်တဲ့ စက်ရုံတွေအနေဖြင့် ပြည်တွင်းရောင်းအား ကျဆင်းခြင်းကြောင့် အခက်ကြုံကြရပါတယ်။

လုပ်သားခဟာ ၂၀၁၅ ခုနှစ်မှာ အခြေခံလစာ ၃၄၅ ယွမ်ဖြစ်ပြီး ယခုအခါ ယွမ် ၃,၀၀၀ အထက်မှာ ရောက်နေပါတယ်။ အခြေခံလစာအပြင် အချိန်ပိုလုပ်ခ၊ ဆေးအားမခံ၊ အငြိမ်းစားလစာအတွက် ထောက်ပံ့ငွေ စတာတွေ ထပ်ဆောင်း ပေးရပါတယ်။

အားသာချက်အနေဖြင့် တရုတ်နိုင်ငံမှာ အခြေခံအဆောက်အအုံ ကောင်းမွန်ပြည့်စုံတယ်။ ပေးသွင်းမှုကွင်းချက် ပေါင်းစည်းမှုလည်း ကောင်းတယ်။ ကျွမ်းကျင်လုပ်သားတွေ ရှိနေတယ်။ တစ်နည်းပြောရရင် ရေခံမြေခံကောင်းတယ်။ ရေကန်အသင့်ကြာအသင့် ဖြစ်နေတယ်။

ဂျပန်လုပ်ငန်းကြီးများအနေဖြင့် အမြောက်အမြား ထုတ်လုပ်ဖို့အတွက်ဆိုရင် တရုတ်ပြည်ဟာ အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ နောက်ခံကားချပ်ကို ရရှိတာကြောင့် တရုတ်ပြည်မှာ ထုတ်လုပ်မှုတွေ လုပ်ကိုင်နေတာကို ဆက်လက်လုပ်ကိုင်ရင်း အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း လုပ်ကိုင်သွားကြမှာ ဖြစ်ပါတယ်။
source : (Moe Win Oo)

zawgyi

ယခုႏွစ္တြင္ ဂ်ပန္မွ ရင္းႏွီးျမႇဳပ္ႏွံထားေသာ ကုမၸဏီမ်ား ၁၇၀၀ ေက်ာ္တို႔ ဂ်ပန္အစိုးရရဲ႕ တိုက္တြန္းအားေပးမႈျဖင့္ တ႐ုတ္ႏိုင္ငံမွ ထြက္ခြာၾကတယ္။ ဂ်ပန္လုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ တ႐ုတ္ျပည္က ၿမိဳ႕ႀကီးေတြမွာ စက္႐ုံေတြ ပိတ္သိမ္းတာေၾကာင့္ ေဒသဆိုင္ရာ အာဏာပိုင္မ်ားအဖို႔ စိုးရိမ္စရာ ျဖစ္လာတယ္။ အဲဒီခ႐ိုင္ေတြမွာ ဂ်ီဒီပီ က်ဆင္းမယ္။ ဘ႑ာေရးဝင္ေငြ က်ဆင္းမယ္။ အလုပ္အကိုင္ေတြ ဆုံးရႈံးကုန္တယ္။

ဂ်ပန္ကုမၸဏီ ေတြ အလုံးအရင္းျဖင့္ တ႐ုပ္ျပည္မွ ထြက္ခါစဖို႔ အစျပဳခဲ့တာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအေဘးက ပင္လယ္ရပ္ျခားမွာ လုပ္ကိုင္ေနတဲ့ ဂ်ပန္ကုမၸဏီေတြ ျပည္တြင္းကို ျပန္ေ႐ႊ႕ၾကဖို႔၊ တ႐ုတ္တစ္ႏိုင္ငံတည္းမွာ စုၿပဳံမေနဘဲ အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာ ျဖန႔္ၿပီး ေနရာယူဖို႔ ေျပာကားခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလမွာ ျဖစ္ပါတယ္။

ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ တ႐ုတ္ျပည္မွ ေပးသြင္းမႈေတြ ရပ္ဆိုင္းကုန္တဲ့အခါ အလုပ္ေတြ ရပ္ထားရတဲ့အျဖစ္ကို ဂ်ပန္ကုမၸဏီေတြ ရင္ဆိုင္ရတယ္။ သိသာထင္ရွားသြားတာက ကမာၻ႔တတိယ အႀကီးမားဆုံး စီးပြားေရးျဖစ္တဲ ဂ်ပန္ႏိုင္ငံ စီးပြားေရးဟာ အစစ အရာရာ တ႐ုတ္ျပည္ကို မွီခိုေနရတယ္ဆိုတဲ့ အားနည္းခ်က္ ျဖစ္ပါတယ္။ အဲဒီအားနည္းခ်က္ ေလ်ာ့ပါးေအာင္ ျပည္တြင္မွာ ျဖစ္ျဖစ္၊ အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာ ျဖစ္ျဖစ္ ျဖန႔္က်က္ လုပ္ကိုင္ၾကဖို႔ တိုက္တြန္းအားေပးတာ ျဖစ္ပါတယ္။

အခုလို ေ႐ႊ႕ေျပာင္းရတာအတြက္ လိုအပ္တဲ့ ဘတ္ဂ်က္ေတြအတြက္ အေထာက္အပံ့အျဖစ္ ဂ်ပန္အစိုးရက ၂၄၃.၅ ဘီလီယံယန္း သုံးစြဲမွာ ျဖစ္ေၾကာင္း ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။ အေမရိကန္ေဒၚလာ ၂.၃၅ ဘီလီယံနဲ႔ ညီမွ်တဲ့ ပမာဏ ျဖစ္ပါတယ္။ အခုလို ေထာက္ပံ့ေငြပါ ေပးၿပီး လက္ေတြ႕က်က် မူဝါဒ က်င့္သုံးတာေၾကာင့္ ေအာင္ျမင္မႈရရွိတယ္လို႔ ဂ်ပန္ စီးပြားေရး၊ ကုန္သြယ္ေရး ႏွင့္ စက္မႈ ဝန္ႀကီးဌာနက ဆိုပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လမွာ ထုတ္ျပန္တဲ့ စာရင္းအရ တ႐ုတ္ျပည္မွာ ဂ်ပန္ျပည္သို႔ ဂ်ပန္ကုမၸဏီ ၅၇ ခု ေ႐ႊ႕ေျပာင္းခဲ့ၾကတယ္။ ေနာက္ထပ္ ကုမၸဏီ ၃၀ တို႔က အာဆီယံႏိုင္ငံေတြဆီကို ေ႐ႊ႕ေျပာင္းခဲ့ၾကတယ္။

တတိယသုံးလပတ္ အကုန္မွာ ေ႐ႊ႕ေျပာင္းဖို႔အတြက္ ေထာက္ပံ့ေငြ ေလွ်ာက္ထားတဲ့ ကုမၸဏီ ၁,၇၀၀ ေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။ အေ႐ႊ႕အေျပာင္းေတြကို ကူညီဖို႔ ေနရာသစ္ေတြ ရွာေပးဖို႔ လုပ္ငန္းအင္အားအဖြဲ႕ task force ကို ထူေထာင္ထားၿပီး လုပ္ေဆာင္ေပးေနတယ္လို႔ ဘီဂ်င္းၿမိဳ႕ေတာ္ရွိ ဂ်ပန္သံ႐ုံးမွ ေျပာၾကားခဲ့ပါတယ္။

Japan Inc လို႔ ဂ်ပန္လုပ္ငန္းေတြကို အကုန္လုံး သိမ္းက်ဳံးၿပီး ရည္ၫႊန္းေျပာဆိုေလ့ရွိၿပီး တ႐ုတ္ျပည္ ၿမိဳ႕ႀကီးေတြထံမွ အေရွ႕ေတာင္အာရွဆီ Japan Inc ေတြ ေ႐ႊ႕ေျပာင္းတာမွာ အားလုံးနီးပါးဟာ အေသးစားနဲ႔ အလတ္စား လုပ္ငန္းေတြ ျဖစ္တယ္လို႔ စင္ဟြာသတင္းဌာနက သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

သူတို႔လုပ္ကိုင္တဲ့ လုပ္ငန္းအမ်ိဳးအစားက ကုန္ထုတ္လုပ္ မႈ ျဖစ္ၿပီး မတ္စ္၊ ေဆးဘက္ဆိုင္ရာ ပစၥည္း၊ ကိရိယာနဲ႔ စက္ေတြ၊ တိုးတာစစ္ေဆးတဲ့ စက္ကိရိယာေတြကို ထုတ္လုပ္ၾကတဲ့ လုပ္ငန္းေတြက အမ်ားစု ျဖစ္ပါတယ္။

ႏိုင္ငံပိုင္ မီဒီယာ စင္ဟြာက စစ္တမ္းေကာက္ယူခဲ့တာမွာ ဂ်ပန္မွ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ကားထုတ္လုပ္ေရး၊ စီးပြားကူးသန္းေရး၊ ဘ႑ာေရး လုပ္ငန္းေတြအေနျဖင့္ တ႐ုတ္ျပည္မွ ထြက္ခြာဖို႔အစီအစဥ္ မရွိေၾကာင္း သိရေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ဂ်ပန္ ေဆးဝါးထုတ္လုပ္ေရးနဲ႔ တကိုယ္ေရက်န္းမာေရးေစာင့္ေရွာက္မႈ ထုတ္ကုန္မ်ား ထုတ္လုပ္တဲ့လုပ္ငန္း I’m Corporation က ဂ်ပန္ႏိုင္ငံမွာ စက္႐ုံသစ္ တည္ေဆာက္ဖို႔ ပႏၷက္တင္အခမ္းအနားကို က်င္းပခဲ့ပါတယ္။ ယခုလို တ႐ုတ္ျပည္မွ စက္႐ုံကို ဂ်ပန္မွာ ေ႐ႊ႕ေျပာင္းခဲ့ေပမဲ့ တ႐ုတ္ျပည္မွာလည္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဆက္လက္လုပ္ကိုင္သြားမွာျဖစ္ေၾကာင္း စူက်ိဳမွာ ရွိတဲ့ စက္႐ုံကို ဆက္လက္လုပ္ကိုင္သြားမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဂ်ပန္လုပ္ငန္းေတြေၾကာင့္ ဘ႑ာဝင္ေငြေတြ ရတဲ့အျပင္ အလုပ္အကိုင္ေတြလည္း ဖန္တီးေပးထားတာႏိုင္တာမို႔ တ႐ုတ္ႏိုင္ငံ ၿမိဳ႕ႀကီးေတြမွာ ေဒသဆိုင္ရာ အာဏာပိုင္ေတြက ဂ်ပန္ကုမၸဏီေတြကို ဆက္လက္လုပ္ကိုင္ေစလိုၾကတယ္။ ဆက္လက္လုပ္ကိုင္ခ်င္ေအာင္ မက္လုံးေတြလည္း ဖန္တီးေပးတယ္။

ဂြမ္ေဒါင္ျပည္နယ္မွ ကြမ္က်ိဳၿမိဳ႕မွာ ဂ်ပန္ကားလုပ္ငန္းေတြ ျဖစ္ၾကတဲ့ Toyota, Honda, Nissan နဲ႔ Mitsubishi တို႔ ေမာ္ေတာ္ယာဥ္နဲ႔ ေမာ္ေတာ္ယာဥ္ အစိတ္အပိုင္းမ်ား ထုတ္လုပ္မႈေတြ လုပ္ကိုင္ေနၾကတာအတြက္ အခြန္ေလွ်ာ့ေပါ့ေပးလိုက္တယ္။

ဂြမ္က်ိဳ ျမဴနီစပယ္နဲ႔တကြ အစိုးရဌာနေတြက ဌာနသုံး ေမာ္ေတာ္ယာဥ္ေတြ ဝယ္ယူတဲ့အခါ ဂ်ပန္ကားကိုသာ ဝယ္ဖို႔ ျပဌာန္းထားတယ္။ ၿမိဳ႕ေတာ္ဝန္နဲ႔ ပါတီေခါင္းေဆာင္တို႔က ဟြန္ဒါ ဆီဒင္ကား ဝယ္စီးၾကတယ္။

Toyota နဲ႔ ဖက္စပ္လုပ္ငန္း ထူေထာင္ၿပီး လွ်ပ္စစ္ကားေတြနဲ႔ လွ်ပ္စစ္ဓာတ္ဆီကားေတြ ထုတ္လုပ္တယ္။ တကယ္ေတာ့ Toyota ရဲ႕ မူလအစီအစဥ္က ကားစက္႐ုံကို မေလးရွားမွာ လုပ္ကိုင္ဖို႔ ျဖစ္ၿပီး ကြမ္က်ိဳၿမိဳ႕မွ အာဏာပိုင္ေတြရဲ႕ တိုက္တြန္းအားေပးမႈေၾကာင့္ ကြမ္က်ိဳၿမိဳ႕မွာ စက္႐ုံထူေထာင္လုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္။

အစိုးရပိုင္ Guangzhou Automobile Group က Toyota နဲ႔ ဖက္စပ္လုပ္ကိုင္တဲ့အတြက္ ၿမိဳ႕မွာ တည္ရွိတဲ့ ယာဥ္သုံးစက္ပစၥည္းေတြ ထုတ္လုပ္တဲ့ လုပ္ငန္း ၃၀ ဆက္လက္ရပ္တည္ႏိုင္ခဲ့ၿပီး ရာခ်ီတဲ့ အလုပ္သမားေတြ အလုပ္ဆက္လက္ရရွိေစခဲ့ပါတယ္။

အစိုးရ တစ္စိတ္တစ္ပိုင္း ပါဝင္တဲ့ အဖြဲ႕အစည္း Japan External Trade Organization (JETRO) မွ တ႐ုတ္ျပည္ရွိ ဂ်ပန္လုပ္ငန္းေတြကို စစ္တမ္းေကာက္ယူခဲ့တာမွဦ ဂ်ပန္လုပ္ငန္း ၃,၅၀၀ ပါဝင္ခဲ့ၿပီး ၁၅ % သာ တ႐ုတ္ျပည္မွ ထြက္ခြာခဲ့ေၾကာင္း သိရတယ္။

ကိုဗစ္ေၾကာင့္ တ႐ုတ္ျပည္မွ ေပးသြင္းမႈေတြ မရရွိခဲ့လို႔ လုပ္ငန္းေတြ ယာယီရပ္ဆိုင္းထားခဲ့ရတာ ျဖစ္လို႔ မဟာ ဗ်ဴဟာအရ ဂ်ပန္ျပည္တြင္းနဲ႔ အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာ ျဖန႔္က်က္ၾကတာမွာ ဂ်ပန္အစိုးရရဲ႕ ေထာက္ပံ့ေငြအျပင္ ေနာက္ထပ္ အေၾကာင္းအခ်က္ ၂ ခု ရွိေနတယ္။

တစ္ခ်က္က တ႐ုတ္ျပည္မွာ လုပ္သားခေတြ ျမင့္တက္ေနတာ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က ကိုဗစ္ေၾကာင့္ တ႐ုတ္ျပည္တြင္း ေဈးကြက္မွာ ေရာင္းအားက်ဆင္းေနတာ ျဖစ္ပါတယ္။ တ႐ုတ္ျပည္တြငးေဈးကြက္အတြက္ ရည္႐ြယ္ထုတ္လုပ္တဲ့ စက္႐ုံေတြအေနျဖင့္ ျပည္တြင္းေရာင္းအား က်ဆင္းျခင္းေၾကာင့္ အခက္ႀကဳံၾကရပါတယ္။

လုပ္သားခဟာ ၂၀၁၅ ခုႏွစ္မွာ အေျခခံလစာ ၃၄၅ ယြမ္ျဖစ္ၿပီး ယခုအခါ ယြမ္ ၃,၀၀၀ အထက္မွာ ေရာက္ေနပါတယ္။ အေျခခံလစာအျပင္ အခ်ိန္ပိုလုပ္ခ၊ ေဆးအားမခံ၊ အၿငိမ္းစားလစာအတြက္ ေထာက္ပံ့ေငြ စတာေတြ ထပ္ေဆာင္း ေပးရပါတယ္။

အားသာခ်က္အေနျဖင့္ တ႐ုတ္ႏိုင္ငံမွာ အေျခခံအေဆာက္အအုံ ေကာင္းမြန္ျပည့္စုံတယ္။ ေပးသြင္းမႈကြင္းခ်က္ ေပါင္းစည္းမႈလည္း ေကာင္းတယ္။ ကြၽမ္းက်င္လုပ္သားေတြ ရွိေနတယ္။ တစ္နည္းေျပာရရင္ ေရခံေျမခံေကာင္းတယ္။ ေရကန္အသင့္ၾကာအသင့္ ျဖစ္ေနတယ္။

ဂ်ပန္လုပ္ငန္းႀကီးမ်ားအေနျဖင့္ အေျမာက္အျမား ထုတ္လုပ္ဖို႔အတြက္ဆိုရင္ တ႐ုတ္ျပည္ဟာ အေကာင္းဆုံးအေနအထားမွာ ရွိေနတဲ့ ေနာက္ခံကားခ်ပ္ကို ရရွိတာေၾကာင့္ တ႐ုတ္ျပည္မွာ ထုတ္လုပ္မႈေတြ လုပ္ကိုင္ေနတာကို ဆက္လက္လုပ္ကိုင္ရင္း အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာလည္း လုပ္ကိုင္သြားၾကမွာ ျဖစ္ပါတယ္။
source : (Moe Win Oo)

Leave a Reply

Your email address will not be published. Required fields are marked *