ကနေဒါနိုင်ငံအလယ်ပိုင်း အွန်တာရီယိုပြည်နယ်၌ ပုဂ္ဂလိကကုမ္ပဏီ Hydro One ပိုင်ဆိုင်သော ရဟတ် ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူလေးဦး သေဆုံးခဲ့ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။
တိုရွန်တိုမြို့တော်မှ ၁၅၅ မိုင်ခန့်အကွာ အွန်တာရီယိုပြည်နယ် ကျေးလက်ဒေသ ရဟတ်ယာဉ်ပျက်ကျရာ နေရာ၌ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီခွဲတွင် ရဲအရာရှိများက ရဟတ်ယာဉ်ပျက်ကျကြောင်း သတင်းရရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့လည်း ပါဝင်ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။
ကနေဒါ သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရေးဘုတ်အဖွဲ့က ရဟတ်ယာဉ်ပျက်ကျရသော အ ကြောင်းရင်းကို စုံစမ်းစစ်ဆေးမည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ဆိုသည်။ ရဟတ်ယာဉ် မပျက်ကျမီ Hydro One ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး ဓာတ်အားလိုင်းပေါ်၌ အလုပ်လုပ်နေ သည်ကို မြင်တွေ့ခဲ့ရကြောင်း ကင်ကလေတန်ဆိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်အပတ်ကလည်း ကနေဒါနိုင်ငံ ဆတ်ကတ်ချီဝမ်ပြည်နယ်၌ ခရီးသည် ၂၂ ဦးနှင့် အမှုထမ်း သုံးဦး တင်ဆောင်လာသော လေယာဉ်ငယ်တစ်စင်း လေယာဉ်ကွင်းမှ ပျံတက်ပြီးနောက် ပျက်ကျခဲ့သည်။
crd
zawgyi
ကေနဒါႏိုင္ငံအလယ္ပိုင္း အြန္တာရီယိုျပည္နယ္၌ ပုဂၢလိကကုမၸဏီ Hydro One ပိုင္ဆိုင္ေသာ ရဟတ္ ယာဥ္တစ္စင္း ပ်က္က်ခဲ့ရာ လူေလးဦး ေသဆုံးခဲ့ေၾကာင္း အဆိုပါကုမၸဏီက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာသည္။
တို႐ြန္တိုၿမိဳ႕ေတာ္မွ ၁၅၅ မိုင္ခန္႔အကြာ အြန္တာရီယိုျပည္နယ္ ေက်းလက္ေဒသ ရဟတ္ယာဥ္ပ်က္က်ရာ ေနရာ၌ အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္။ေဒသစံေတာ္ခ်ိန္ ေန႔လည္ ၁၂ နာရီခြဲတြင္ ရဲအရာရွိမ်ားက ရဟတ္ယာဥ္ပ်က္က်ေၾကာင္း သတင္းရရွိခဲ့ၿပီး ကယ္ဆယ္ေရးလုပ္ငန္းတြင္ အေရးေပၚတုံ႔ျပန္ေရးအဖြဲ႕လည္း ပါဝင္ခဲ့ေၾကာင္း ျပည္နယ္ရဲတပ္ဖြဲ႕က ေျပာသည္။
ကေနဒါ သယ္ယူပို႔ေဆာင္ေရး ေဘးအႏၲရာယ္ကင္းေရးဘုတ္အဖြဲ႕က ရဟတ္ယာဥ္ပ်က္က်ရေသာ အ ေၾကာင္းရင္းကို စုံစမ္းစစ္ေဆးမည္ဟု ျပည္နယ္ရဲတပ္ဖြဲ႕က ဆိုသည္။ ရဟတ္ယာဥ္ မပ်က္က်မီ Hydro One ကုမၸဏီမွ ဝန္ထမ္းတစ္ဦး ဓာတ္အားလိုင္းေပၚ၌ အလုပ္လုပ္ေန သည္ကို ျမင္ေတြ႕ခဲ့ရေၾကာင္း ကင္ကေလတန္ဆိုသည့္ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္အပတ္ကလည္း ကေနဒါႏိုင္ငံ ဆတ္ကတ္ခ်ီဝမ္ျပည္နယ္၌ ခရီးသည္ ၂၂ ဦးႏွင့္ အမႈထမ္း သုံးဦး တင္ေဆာင္လာေသာ ေလယာဥ္ငယ္တစ္စင္း ေလယာဥ္ကြင္းမွ ပ်ံတက္ၿပီးေနာက္ ပ်က္က်ခဲ့သည္။
crd