BREXIT သေဘာတူညီခ်က္စတင္ျခင္းႏွင့္အတူ ၿဗိတိန္က ျပင္သစ္ငါးဖမ္း သေဘၤာမ်ားကို ေစာင့္ၾကည့္ရန္ စစ္ေရယာဥ္ ၄ စီးကိုေစလႊတ္

တော်ဝင်ဗြိတိန်ရေတပ်ဟာ အင်္ဂလိပ်ရေလက်ကြားကို လက်နက်စနစ်တွေတပ်ဆင်ထားတဲ့ စစ်ရေယာဉ်လေးစီးစေလွှတ်လိုက်တယ်လို့ သိရှိရပါတယ်။ ဒါဟာ Brexit သဘောတူညီစတင်ပြီးတဲ့နောက် အင်္ဂလိပ်ရေပိုင်နက်အတွင်းမှာ ငါးတွေဝင်ရောက်ဖမ်းဆီးနေတဲ့ ပြင်သစ်ငါးဖမ်းသင်္ဘောတွေကို သတိပေးဖို့အတွက် ဖြစ်တယ်လို့လည်းဆိုပါတယ်။

စစ်ရေယာာဉ်တွေဟာ ပို့စ်မောက်ကနေ စတင်ထွက်ခွာခဲ့ကြတာပါ။ ဗြိတိန်ရဲ့ ငါးဖမ်းမှုအခွင့်အရေးအသစ်အပေါ် ကာကွယ်ဖို့အတွက် ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။ သဘောတူညီချက်အရ ပြင်သစ်နဲ့အီးယူအနေနဲ့ နောက်ထပ် ငါးနှစ်ခွဲခန့် ဗြိတိန်ရေပိုင်နက်မှာ ငါးဖမ်းခွင့်ရှိမှာဖြစ်ပေမယ့်လည်း အဲဒီအချိန်ကာ လနောက်ပိုင်းပြီးရင်တော့ ထာဝရနုတ်ဆက်ရတော့မှာပါ။

ဒါပေမယ့် တရားမဝင်ငါးဖမ်းသမားတွေကတော့ အခြေအနေမကောင်းတော့ပါဘူး။ ဒီစစ်ရေယာဉ်တွေ စေလွှတ်လိုက်ရတာကလည်း အထူးသဖြင့် တရားမဝင် ငါးဖမ်းရေယာဉ်တွေကို တားဆီးထိန်းသိမ်းဖို့ဖြစ်ပါတယ်။

ယခုစစ်ဆင်ရေးအတွက် ယူရို သန်း ၁၀၀ တန် HMS Trent စစ်ရေယာဉ်က ဦးဆောင်ခဲ့တာဖြစ်ပြီး ၎င်းနဲ့အတူ HMS Tamar, HMS Tyne နဲ့ HMS Mersey တို့ပါဝင်ပါတယ်။ဒီလိုစစ်ရေယာဉ်တွေကို စေလွှတ်လိုက်တာဟာ ၁၉၇၀ ပြည့်နှစ်ကာလက စစ်အေးတိုက်ပွဲသမိုင်းကို ပြန်လည်အမှတ်ရစေခဲ့ပြီး အဲဒီအချိန်တုန်းက ဗြိတိန်တော်ဝင်ရေတပ်ဟာ အိုက်စ်စလန်ရေယာဉ်တွေကို ပိတ်ပင်တားဆီးမှုတွေ ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

CRD : Myanmarnews24

zawgyi

ေတာ္ဝင္ၿဗိတိန္ေရတပ္ဟာ အဂၤလိပ္ေရလက္ၾကားကို လက္နက္စနစ္ေတြတပ္ဆင္ထားတဲ့ စစ္ေရယာဥ္ေလးစီးေစလႊတ္လိုက္တယ္လို႔ သိရွိရပါတယ္။ ဒါဟာ Brexit သေဘာတူညီစတင္ၿပီးတဲ့ေနာက္ အဂၤလိပ္ေရပိုင္နက္အတြင္းမွာ ငါးေတြဝင္ေရာက္ဖမ္းဆီးေနတဲ့ ျပင္သစ္ငါးဖမ္းသေဘၤာေတြကို သတိေပးဖို႔အတြက္ ျဖစ္တယ္လို႔လည္းဆိုပါတယ္။

စစ္ေရယာာဥ္ေတြဟာ ပို႔စ္ေမာက္ကေန စတင္ထြက္ခြာခဲ့ၾကတာပါ။ ၿဗိတိန္ရဲ႕ ငါးဖမ္းမႈအခြင့္အေရးအသစ္အေပၚ ကာကြယ္ဖို႔အတြက္ ေဆာင္႐ြက္ျခင္းလည္း ျဖစ္ပါတယ္။ သေဘာတူညီခ်က္အရ ျပင္သစ္နဲ႔အီးယူအေနနဲ႔ ေနာက္ထပ္ ငါးႏွစ္ခြဲခန႔္ ၿဗိတိန္ေရပိုင္နက္မွာ ငါးဖမ္းခြင့္ရွိမွာျဖစ္ေပမယ့္လည္း အဲဒီအခ်ိန္ကာ လေနာက္ပိုင္းၿပီးရင္ေတာ့ ထာဝရႏုတ္ဆက္ရေတာ့မွာပါ။

ဒါေပမယ့္ တရားမဝင္ငါးဖမ္းသမားေတြကေတာ့ အေျခအေနမေကာင္းေတာ့ပါဘူး။ ဒီစစ္ေရယာဥ္ေတြ ေစလႊတ္လိုက္ရတာကလည္း အထူးသျဖင့္ တရားမဝင္ ငါးဖမ္းေရယာဥ္ေတြကို တားဆီးထိန္းသိမ္းဖို႔ျဖစ္ပါတယ္။

ယခုစစ္ဆင္ေရးအတြက္ ယူ႐ို သန္း ၁၀၀ တန္ HMS Trent စစ္ေရယာဥ္က ဦးေဆာင္ခဲ့တာျဖစ္ၿပီး ၎နဲ႔အတူ HMS Tamar, HMS Tyne နဲ႔ HMS Mersey တို႔ပါဝင္ပါတယ္။ဒီလိုစစ္ေရယာဥ္ေတြကို ေစလႊတ္လိုက္တာဟာ ၁၉၇၀ ျပည့္ႏွစ္ကာလက စစ္ေအးတိုက္ပြဲသမိုင္းကို ျပန္လည္အမွတ္ရေစခဲ့ၿပီး အဲဒီအခ်ိန္တုန္းက ၿဗိတိန္ေတာ္ဝင္ေရတပ္ဟာ အိုက္စ္စလန္ေရယာဥ္ေတြကို ပိတ္ပင္တားဆီးမႈေတြ ျပဳလုပ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

CRD : Myanmarnews24

Leave a Reply

Your email address will not be published. Required fields are marked *