အေမရိကန္ႏွင့္ ဆက္ဆံေရးသည္ တစ္ဆစ္ခ်ိဳးကာလသစ္ထဲ ေရာက္ေနၿပီဟု တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ေျပာ ( ထရမ့္ မရွိတဲ့ အခ်ိန္ကိုေမ်ာ္ႀကည့္ျပီး သာေကာတုိ့ စဖား လာပါျပီ….)

တ႐ုတ္ႏွင့္ အေမရိကန္အၾကား ဆက္ဆံေရးသည္ “တစ္ဆစ္ခ်ိဳး ကာလသစ္” တစ္ခုထဲ ေရာက္ရွိေနၿပီ ျဖစ္ၿပီး မႀကဳံစဖူး အက်ပ္အတည္း ကာလတစ္ခုေနာက္ပိုင္း လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္သြားႏိုင္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီက ဇန္နဝါရီ ၂ ရက္တြင္ ေဖာ္ျပသည့္ တရားဝင္ ထင္ျမင္သုံးသပ္ခ်က္မ်ားတြင္ ေျပာသြားခဲ့သည္။

ကုန္သြယ္မႈ၊ လူ႔အခြင့္အေရးႏွင့္ ကိုဗစ္-၁၉ မူလဇာစ္ျမစ္မ်ားႏွင့္ပတ္သက္သည့္ အျငင္းပြားမႈမ်ားအလယ္ ကမာၻ႔ စီးပြားေရး အင္အားအႀကီးဆုံး ႏိုင္ငံႀကီးႏွစ္ခုအၾကား ဆက္ဆံေရးသည္ တိုးျမင့္ျဖစ္ေပၚေနခဲ့သည့္ တင္းမာမႈေအာက္ က်ေရာက္ေနခဲ့သည္။

ေနာက္ဆုံး လုပ္ေဆာင္ခ်က္တစ္ခုအေနျဖင့္ အေမရိကန္က တ႐ုတ္ကုမၸဏီ ဒါဇင္ႏွင့္ခ်ီကို နာမည္ပ်က္စာရင္းသြင္းခဲ့ၿပီး ထိုကုမၸဏီမ်ားသည္ စစ္တပ္ႏွင့္ ခ်ိတ္ဆက္ပတ္သက္ေနသည္ဟု ေျပာခဲ့သည္။

မၾကာေသးခင္က တ႐ုတ္အေပၚ ထားသည့္ အေမရိကန္၏ မူဝါဒမ်ားက ႏွစ္ႏိုင္ငံစလုံး၏ အက်ိဳးစီးပြားမ်ားအေပၚ ထိခိုက္ေစခဲ့ၿပီး ကမာၻႀကီးအတြက္လည္း ႀကီးမားသည့္ အႏၲရာယ္မ်ားကို ယူေဆာင္လာခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံေတာ္ ေကာင္စီဝင္၊ ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီက ဆင္ဟြာသတင္းေအဂ်င္စီႏွင့္ အျခား ႏိုင္ငံပိုင္မီဒီယာမ်ားႏွင့္ ပူးတြဲ အင္တာဗ်ဴးတစ္ခုထဲတြင္ ေျပာခဲ့သည္။

သို႔ေသာ္ ယခုအခါတြင္ “ေမွ်ာ္လင့္ခ်က္ အခြင့္အလမ္းသစ္တစ္ခု ဖြင့္လွစ္ရန္” ႏွင့္ အျပန္အလွန္ ေဆြးေႏြးမႈ အလွည့္သစ္တစ္ခု စတင္ရန္အတြက္ ႏွစ္ဘက္စလုံးအတြက္ အခြင့္အလမ္းတစ္ခု ရွိေနသည္ဟု ၎က ေျပာခဲ့သည္။

ေဒၚနယ္ထရမ့္ အစိုးရလက္ထက္က ေလးႏွစ္ၾကာ တင္းမာမႈမ်ား အရွိန္ျမင့္ျဖစ္ေပၚထားခဲ့ၿပီးေနာက္ ယခု ဂ်ိဳးဘိုင္ဒင္ အေမရိကန္သမၼတအျဖစ္ ေ႐ြးေကာက္ခံရျခင္းက ဝါရွင္တန္ႏွင့္ ေပက်င္းအၾကား ဆက္ဆံေရးကို တိုးတက္ေစလိမ့္မည္ဟု က်ယ္က်ယ္ျပန႔္ျပန႔္ ေမွ်ာ္လင့္ရသည္။

ဘိုင္ဒင္ ေ႐ြးေကာက္ပြဲ ႏိုင္မႈက အေမရိကန္ တ႐ုတ္ မူဝါဒကို ဓမၼဓိ႒ာန္က်မႈႏွင့္ ဆင္ျခင္တုံတရား ရွိမႈဆီ ျပန္ေရာက္ႏိုင္ခြင့္ျပဳရန္ ၎အေနျဖင့္ ေမွ်ာ္လင့္မိေၾကာင္း ဝမ္က ၿပီးခဲ့သည့္လက ေျပာခဲ့သည္။

သို႔ရာတြင္ ဇန္နဝါရီ ၂၀ ရက္တြင္ တရားဝင္ ရာထူးလက္ခံမည့္ ေ႐ြးေကာက္ခံသမၼတ ဘိုင္ဒင္က ကုန္သြယ္ေရးႏွင့္ အျခား ကိစၥမ်ားႏွင့္ပတ္သက္၍ တ႐ုတ္၏ အလြဲသုံးစားမႈမ်ားအတြက္ တ႐ုတ္အေပၚ ဆက္လက္ ေဝဖန္ထားခဲ့သည္။

၀မ္က ထရမ့္ သို႔မဟုတ္ ဘိုင္ဒင္ကို အမည္တပ္ ေဖာ္ျပသြားခဲ့ျခင္း မရွိေသာ္လည္း တ႐ုတ္တို႔ ေ႐ြးခ်ယ္ထားသည့္ လူမႈ စနစ္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈလမ္းေၾကာင္းကို ေလးစားရန္ အေမရိကန္ကို တိုက္တြန္းသြားခဲ့သည္။

ထို႔ျပင္ ဝါရွင္တန္အေနျဖင့္ သင္ခန္းစာ ယူမည္ဆိုပါက ႏွစ္ဘက္အၾကား သေဘာကြဲလြဲမႈမ်ားကို ေျပလည္သြားေစႏိုင္သည္ဟု ၎က ထပ္ေလာင္းေျပာခဲ့သည္။

“တ႐ုတ္ရဲ႕ လ်င္ျမန္တဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ပတ္သက္လို႔ အေမရိကန္မွာ ရွိတဲ့ လူတစ္ခ်ိဳ႕က စိုးရိမ္ပူပန္ေနၾကတာကို ကြၽန္ေတာ္တို႔ သိပါတယ္၊ ဒါေပမယ့္လည္း ေရရွည္တည္တံ့ေအာင္ ထိန္းထားအႏိုင္ဆုံး ေခါင္းေဆာင္ပိုင္းအေနနဲ႔ အျခားႏိုင္ငံေတြရဲ႕ တိုးတက္မႈကို ပိတ္ဆို႔တာထက္ ကိုယ့္ဘာသာပဲ အဆက္မျပတ္ ေရွ႕ကို ဆက္ေ႐ြ႕သြားရမွာျဖစ္တယ္” ဟု ၎က ေျပာသြားခဲ့သည္။

Ref-Reuters
CRD_Mizzima

Unicode

တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးသည် “တစ်ဆစ်ချိုး ကာလသစ်” တစ်ခုထဲ ရောက်ရှိနေပြီ ဖြစ်ပြီး မကြုံစဖူး အကျပ်အတည်း ကာလတစ်ခုနောက်ပိုင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဇန်နဝါရီ ၂ ရက်တွင် ဖော်ပြသည့် တရားဝင် ထင်မြင်သုံးသပ်ချက်များတွင် ပြောသွားခဲ့သည်။

ကုန်သွယ်မှု၊ လူ့အခွင့်အရေးနှင့် ကိုဗစ်-၁၉ မူလဇာစ်မြစ်များနှင့်ပတ်သက်သည့် အငြင်းပွားမှုများအလယ် ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခုအကြား ဆက်ဆံရေးသည် တိုးမြင့်ဖြစ်ပေါ်နေခဲ့သည့် တင်းမာမှုအောက် ကျရောက်နေခဲ့သည်။

နောက်ဆုံး လုပ်ဆောင်ချက်တစ်ခုအနေဖြင့် အမေရိကန်က တရုတ်ကုမ္ပဏီ ဒါဇင်နှင့်ချီကို နာမည်ပျက်စာရင်းသွင်းခဲ့ပြီး ထိုကုမ္ပဏီများသည် စစ်တပ်နှင့် ချိတ်ဆက်ပတ်သက်နေသည်ဟု ပြောခဲ့သည်။

မကြာသေးခင်က တရုတ်အပေါ် ထားသည့် အမေရိကန်၏ မူဝါဒများက နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားများအပေါ် ထိခိုက်စေခဲ့ပြီး ကမ္ဘာကြီးအတွက်လည်း ကြီးမားသည့် အန္တရာယ်များကို ယူဆောင်လာခဲ့ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဆင်ဟွာသတင်းအေဂျင်စီနှင့် အခြား နိုင်ငံပိုင်မီဒီယာများနှင့် ပူးတွဲ အင်တာဗျူးတစ်ခုထဲတွင် ပြောခဲ့သည်။

သို့သော် ယခုအခါတွင် “မျှော်လင့်ချက် အခွင့်အလမ်းသစ်တစ်ခု ဖွင့်လှစ်ရန်” နှင့် အပြန်အလှန် ဆွေးနွေးမှု အလှည့်သစ်တစ်ခု စတင်ရန်အတွက် နှစ်ဘက်စလုံးအတွက် အခွင့်အလမ်းတစ်ခု ရှိနေသည်ဟု ၎င်းက ပြောခဲ့သည်။

ဒေါ်နယ်ထရမ့် အစိုးရလက်ထက်က လေးနှစ်ကြာ တင်းမာမှုများ အရှိန်မြင့်ဖြစ်ပေါ်ထားခဲ့ပြီးနောက် ယခု ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရခြင်းက ဝါရှင်တန်နှင့် ပေကျင်းအကြား ဆက်ဆံရေးကို တိုးတက်စေလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ရသည်။

ဘိုင်ဒင် ရွေးကောက်ပွဲ နိုင်မှုက အမေရိကန် တရုတ် မူဝါဒကို ဓမ္မဓိဋ္ဌာန်ကျမှုနှင့် ဆင်ခြင်တုံတရား ရှိမှုဆီ ပြန်ရောက်နိုင်ခွင့်ပြုရန် ၎င်းအနေဖြင့် မျှော်လင့်မိကြောင်း ဝမ်က ပြီးခဲ့သည့်လက ပြောခဲ့သည်။

သို့ရာတွင် ဇန်နဝါရီ ၂၀ ရက်တွင် တရားဝင် ရာထူးလက်ခံမည့် ရွေးကောက်ခံသမ္မတ ဘိုင်ဒင်က ကုန်သွယ်ရေးနှင့် အခြား ကိစ္စများနှင့်ပတ်သက်၍ တရုတ်၏ အလွဲသုံးစားမှုများအတွက် တရုတ်အပေါ် ဆက်လက် ဝေဖန်ထားခဲ့သည်။

ဝမ်က ထရမ့် သို့မဟုတ် ဘိုင်ဒင်ကို အမည်တပ် ဖော်ပြသွားခဲ့ခြင်း မရှိသော်လည်း တရုတ်တို့ ရွေးချယ်ထားသည့် လူမှု စနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လေးစားရန် အမေရိကန်ကို တိုက်တွန်းသွားခဲ့သည်။

ထို့ပြင် ဝါရှင်တန်အနေဖြင့် သင်ခန်းစာ ယူမည်ဆိုပါက နှစ်ဘက်အကြား သဘောကွဲလွဲမှုများကို ပြေလည်သွားစေနိုင်သည်ဟု ၎င်းက ထပ်လောင်းပြောခဲ့သည်။

“တရုတ်ရဲ့ လျင်မြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်လို့ အမေရိကန်မှာ ရှိတဲ့ လူတစ်ချို့က စိုးရိမ်ပူပန်နေကြတာကို ကျွန်တော်တို့ သိပါတယ်၊ ဒါပေမယ့်လည်း ရေရှည်တည်တံ့အောင် ထိန်းထားအနိုင်ဆုံး ခေါင်းဆောင်ပိုင်းအနေနဲ့ အခြားနိုင်ငံတွေရဲ့ တိုးတက်မှုကို ပိတ်ဆို့တာထက် ကိုယ့်ဘာသာပဲ အဆက်မပြတ် ရှေ့ကို ဆက်ရွေ့သွားရမှာဖြစ်တယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

Ref-Reuters
CRD_Mizzima

Leave a Reply

Your email address will not be published. Required fields are marked *